A d v e r t i s e m e n t With Us

စဉ်းစဉ်းစားစား မဲတပြားအစီအစဉ် (အပိုင်း ၁၂)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာတွေကို အပတ်စဉ် သုံးသပ် တင်ဆက်နေတဲ့ စဉ်းစဉ်းစားစား မဲတစ်ပြား အစီအစဉ်ကနေ ဒီတစ်ပတ်မှာတော့ ရွေးကောက်ပွဲနဲ့ ပရိတ်သတ်ရှိသူ ထင်ရှားကျော်ကြားသူများ အကြောင်း တင်ဆက်ထားပါတယ်။ အမေရိကန်၊ ယူကေနဲ့ အနောက်နိုင်ငံတွေမှာတော့ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ ပရိသတ် ထောင်သောင်း သိန်းသန်းရှိတဲ့ အနုပညာရှင်တွေ အပါအ၀င် ထင်ရှားကျော်ကြားသူတွေက သူတို့နှစ်သက်ရာ ပြည်သူ့ကိုယ်စားလှယ်လောင်း ဘယ်သူ့ကိုဖြင့် ထောက်ခံကြောင်း တရားဝင် ထုတ်ဖော်ကြေညာတတ်ပါတယ်။ ကျော်ကြားသူရဲ့ ထောက်ခံချက်ဟာ ကိုယ်စားလှယ်လောင်းကို အနိုင်ရရှိချေ ပိုများသွားစေတယ်လို့ ယေဘုယျယူဆမှုအပြင် လက်တွေ့စစ်တမ်းများအရလည်း ပြောနိုင်ပါတယ်။ အထင်ကရ သတင်းစာကြီးတွေ၊ နာမည်ကျော် သတင်းစာဆရာတွေ၊ ရုပ်သံတင်ဆက်သူတွေ၊ စာရေးဆရာနဲ့ ကဗျာဆရာတွေ၊ သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ သဘင်ပညာရှင်တွေ၊ ဟာသပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေကနေ မီဒီယာတွေကနေတဆင့် ပေါ်ပေါ်ထင်ထင် ထောက်ခံကြတာမျိုးပါ။ အခုတပတ် စဉ်းစဉ်းစားစား မဲတပြား အစီအစဉ်မှာ အထင်ကရ သတင်းစာကြီးတွေ၊ နာမည်ကျော် သတင်းစာဆရာတွေ၊ ရုပ်သံတင်ဆက်သူတွေ၊ စာရေးဆရာနဲ့ ကဗျာဆရာတွေ၊ သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ သဘင်ပညာရှင်တွေ၊ ဟာသပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံက ထင်ပေါ်ကျော်ကြားသူတွေရဲ့ ပြောစကားကို တင်ဆက်ပေးလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up