Home
မြန်မာသတင်း
ကော့ကရိတ် ရဲစခန်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
နော်နိုရင်း
·
July 14, 2015
ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ ရဲစခန်းဝင်းအတွင်း မနေ့ည ၈ နာရီလောက်က လက်နက်ကြီး ကျဉ် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကော့ကရိတ်မြို့ခံ ဦးအောင်တိုးက ပြောပါတယ်။ “ညက ဘယ်က ပစ်မှန်းမသိဘူး။ ရဲစခန်းဝင်းထဲကို ကျတယ်။ လူအထိအခိုက်တော့ မရှိဘူး။ လက်နက်ကြီးကျည် ၆၀ မမ လို့ ပြောတယ်။ ၂ လုံးပေါ့။ ထိခိုက်ဒဏ်ရာတော့ တယောက်မှ ရတာမကြားဘူး။” ဒါ့အပြင် ဒီကနေ့ မနက် ၄ နာရီလောက်မှာလည်း အဝေးကနေ လက်နက်ကြီးပစ်သံတော့ ကြားနေရတယ်လို့လည်း ဦးအောင်တိုးက ပြောပါတယ်။ ကော့ကရိတ်- မြ၀တီလမ်းကို သွားလာနေတဲ့ တောင်ကြောလမ်းဟောင်းကိုလည်း အန္တရာယ်ရှို နိုင်တယ်ဆိုပြီး အစိုးရ တပ်ဘက်က ပိတ်ထားတာ ၃ ရက်ရှိနေပြီလို့ ပြောပါတယ်။ ကော့ကရိတ်-မြ၀တီ အာရှလမ်းသစ်မှာတော့ သွားလာခွင့်ပြုထားတယ်လို့ ပြောပါတယ်။ ဇူလိုင်လ ၇ ရက်နေ့တုန်းက ကော့ကရိတ်မြို့အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ အ.ထ.က ကျောင်းခွဲ ချောင်းတောင်ကျောင်းက သူငယ်တန်းအဆောင်မှာ လက်နက်ကြီးကျဉ် ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်ရှေ့က ၀ရန်တာအမိုးတွေ ပျက်စီးခဲ့ပေမယ့် ကျောင်းတက်ချိန် မဟုတ်တဲ့အတွက် ကျောင်းသူကျောင်းသားတွေ ထိခိုက် သေဆုံးမှုတော့ မရှိခဲ့ပါဘူး။ ကရင်ပြည်နယ် မြ၀တီ – ကော့ကရိတ် အာရှလမ်းမသစ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်တို့အကြား ဇူလိုင်လ ၂ ရက်နေ့ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024