မီးတောင် ပေါက်ကွဲမှုကြောင့် ရပ်နားထားသည့် ဘာလီလေဆိပ် ပုံမှန်ပြန်စ

ဓာတ်ပုံ - mashable
အင်ဒိုနီးရှားနိုင်ငံ ရောင်ခ် (Raung) မီးတောင်ပေါက်ကွဲမှုဖြစ်လို့ ရပ်နားထားရတဲ့ ဘာလီလေဆိပ်ရဲ့ လေယာဉ်ခရီးစဉ် အများစုကို ဇူလိုင် ၁၃ ရက်နေ့က ပုံမှန်ပျံသန်းမှုတွေ ပြန်လည်စတင်နေပါပြီ။ ဒီမီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ လှုပ်ရှားမှုအများဆုံး မီးတောင်တတောင်ဖြစ်ပြီး ပြီးခဲ့တဲ့တပတ်က မီးတောင်ပြာတွေကြောင့် ဘာလီလေဆိပ်ကို ၃ ရက်အတွင်း ၂ ကြိမ် ရပ်နားခဲ့ရတာပါ။ ဇူလိုင် ၁၃ ရက်နေ့အထိတော့ သြစတြေးလျ လေကြောင်းလိုင်းတခုဖြစ်တဲ့ ဗားဂျင်းသြစတြေးလျ လေကြောင်းလိုင်းက ပုံမှန်ပျံသန်းမှုတွေ မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် သြစတြေးလျကို ပြန်မယ့် ခရီးသည်တွေ လေဆိပ်မှာ ထပ်ပြီးသောင်တင်နေခဲ့ကြပါတယ်။ မီးတောင် ပေါက်ကွဲနေတာ ၁ ပတ်ကြာလောက်ကြာပြီ ဖြစ်ပြီး မီးတောင်အနီးပတ်ဝန်းကျင် လေဆိပ် ၅ ခုရဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရတာပါ။ ဘာလီလေဆိပ်ရဲ့ ခရီးစဉ်တွေကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ကစပြီး လေယာဉ်ခရီးစဉ် နောက်ကျတာတွေနဲ့ ဖျက်သိမ်းမှုတွေ ရှိခဲ့လို့ ခရီးသည်ထောင်နဲ့ချီပြီး လေဆိပ်မှာ သောင်တင်ခဲ့တယ်လို့ လေဆိပ်အာဏာပိုင်တွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up