A d v e r t i s e m e n t With Us

တရုတ် ဗျောက်အိုးစက်ရုံ ပေါက်ကွဲမှု ၁၅ ဦးသေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်းက ဟူဘေးပြည်နယ်မှာ ဇူလိုင် ၁၂ ရက်နေ့က တရားမ၀င် ဗျောက်အိုးစက်ရုံ ပေါက်ကွဲမှုဖြစ်ပြီး အလုပ်သမား ၁၅ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ရာ အဲဒီထဲက ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။ ဒီပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ စက်ရုံဟာ အရင်က အထည်ချုပ်စက်ရုံ ဖြစ်ခဲ့ပြီး ဗျောက်အိုးစက်ရုံမှန်း ပေါက်ကွဲမှုဖြစ်မှ သိရတယ်လို့ မျက်မြင်တွေက ပြောဆိုကြပါတယ်။ ဒီစက်ရုံဟာ တံခါးလည်း အမြဲပိတ်ထားပြီး ဗျောက်အိုးစက်ရုံမှန်းလည်း ဘယ်သူမှ မသိခဲ့ကြဘူးလို့ အိမ်နီးချင်း စက်ရုံပိုင်ရှင်တဦးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်လို့ ဒေသခံ မီးသတ်တပ်ဖွဲ့ဝင် အယောက် ၁၀၀ ကျော်၊ မီးသတ်ကား ၁၀ စီးနဲ့ အခြေအနေကို လာရောက်ထိန်းသိမ်းခဲ့ရပါတယ်။ စက်ရုံပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up