A d v e r t i s e m e n t With Us

ကွန်ကာကက်ဖ် ဂိုးလ်ဒ်ကပ်ဘောလုံးပွဲ အမေရိကန်နှင့် ဟေတီ ကွာတားတက် (ရုပ်သံဟိုက်လိုက်)

အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါတို့မှာ ကျင်းပနေတဲ့ ကွန်ကာကက်ဖ် ဂိုးလ်ဒ်ကပ် ၂၀၁၅ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေကို ဇူလိုင် ၁၃ ရက်နေ့က ဆက်လက်ယှဉ်ပြိုင်ကစားရာ အုပ်စု အေမှ ဟေတီနဲ့ အမေရိကန်တို့ ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ အုပ်စုအေ နောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင်လ ၁၃ ရက်နေ့က ယှဉ်ပြိုင်ကစားရာ ဟေတီက ဟွန်ဒူးရပ်စ်ကို ၁ ဂိုး ဂိုးမရှိ အနိုင်ရပြီး အမေရိကန်နဲ့ ပနားမားတို့ ပွဲစဉ်မှာတော့ ၁ ဂိုးစီသရေ ကျသွားပါတယ်။ အုပ်စုအေမှာ အိမ်ရှင် အမေရိကန်၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ပနားမား၊ အုပ်စုဘီမှာ ကနေဒါ၊ ကော့စတာရီကာ၊ ဂျမေကာ၊ အယ်လ်ဆာဗေးဒိုး၊ အုပ်စုစီမှာ ကျူးဘား၊ ဂွါတီမာလာ၊ မက္ကဆီကို၊ ထရီနီဒက်နဲ့ တိုဘက်ကိုတို့ အသီးသီး ပါဝင်ပါတယ်။ ဒီနေ့အထိ ယှဉ်ပြိုင်ပြီးချိန်မှာတော့ အုပ်စုအေမှာ အမေရိကန်အသင်းက ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၇ မှတ်နဲ့ အုပ်စုဗိုလ်၊ ဟေတီက ၁ ပွဲနိုင် ၁ ပွဲသရေ ၄ မှတ်နဲ့ အုပ်စုဒုတိယနေရာ၊ ပနားမားအသင်းက ၃ ပွဲကစား ၃ ပွဲသရေ ၃ မှတ်နဲ့ အုပ်စု တတိယ၊ ဟွန်ဒူးရပ်စ်က ၃ ပွဲကစား ၁ မှတ်သာရထားပြီး အုပ်စုနောက်ဆုံးမှာ ရပ်တည်နေပါတယ်။ အုပ်စုဘီမှာ ဂျမေကာက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ ၄ မှတ်နဲ့ အုပ်စုဗိုလ်၊ ကော့စတာရီကာနဲ့ အယ်လ်ဆာဗေးဒိုးတို့က ၂ ပွဲကစား ၂ မှတ်စီရထားပေမယ့် သွင်းဂိုးပိုများတဲ့ ကော့စတာရီကာက အုပ်စု ဒုတိယ၊ အယ်လ်ဆာဗေးဒိုးက တတိယ၊ ကနေဒါအသင်းက ၂ ပွဲကစားပြီး ၁ မှတ်သာရထားလို့ အုပ်စုနောက်ဆုံးမှာ ရပ်တည်နေပါတယ်။ အုပ်စုစီမှာ ထရီနီဒက်နဲ့ တိုဘက်ကိုက ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ အုပ်စု ပထမ၊ မက္ကဆီကို ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ၊ ၄ မှတ်နဲ့ အုပ်စု ဒုတိယ၊ ဂွါတီမာလာက ၂ ပွဲကစား ၁ ပွဲသရေ ၁ ပွဲရှုံး ၁ မှတ်နဲ့ အုပ်စု တတိယ၊ ကျူးဘားက ၂ ပွဲကစား ၂ ပွဲရှုံး ရမှတ်မရသေးဘဲ အုပ်စုနောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ဇူလိုင် ၁၄ နေ့မှာ အုပ်စု ဘီ နောက်ဆုံးပွဲစဉ်အဖြစ် ဂျမေကာနဲ့ အယ်လ်ဆာဗေးဒိုး၊ ကနေဒါနဲ့ ကော့စတာရီကာ တို့ ယှဉ်ပြိုင်မှာဖြစ်သလို ဇူလိုင် ၁၅ ရက်နေ့မှာ အုပ်စု စီမှ ကျူးဘားနဲ့ ဂွါတီမာလာ၊ မက္ကဆီကို - ထရီဒက်နဲ့ တိုဘက်ကိုတို့ အုပ်စုနောက်ဆုံးပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေ ယှဉ်ပြိုင်အပြီး အုပ်စု ပထမနဲ့ ဒုတိယရ အသင်း ၆ သင်း၊ အကောင်းဆုံး အုပ်စု တတိယရ ၂ သင်း စုစုပေါင်း ၈ သင်း ကွာတားဖိုင်နယ်အဖြစ် ဇူလိုင် ၁၈ နဲ့ ၁၉ ရက်တွေမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၂၂ ရက်နေ့၊ တတိယနေရာလုပွဲကို ဇူလိုင် ၂၅ နဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဇူလိုင် ၂၆ ရက်နေ့ အသီးသီးယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ကွန်ကာကက်ဖ် ဂိုးလ်ဒ်ကပ် ပြိုင်ပွဲကို ၂ နှစ်တကြိမ် ကျင်းပတာဖြစ်ပြီး ၂၀၁၃ ပြိုင်ပွဲမှာ အမေရိကန်က ဗိုလ်စွဲထားကာ ပြိုင်ပွဲတလျှောက် ၅ ကြိမ်နဲ့ ဒုတိယအများဆုံး ဗိုလ်စွဲထားတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အကြိမ်အများဆုံး ချန်ပီယံကတော့ မက္ကဆီကိုအသင်းဖြစ်ပြီး စုစုပေါင်း ၆ ကြိမ် ဗိုလ်စွဲထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up