Home
မြန်မာသတင်း
ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းစာရင်း ရက်ပိုင်းတွင်း အတည်ပြုမည်
DVB
·
July 14, 2015
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို လာမယ့်ရက်ပိုင်းအတွင်းမှာ အတည်ပြုသွားဖို့ ရှိနေပါတယ်။ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို နေရာချထားတဲ့အခါမှာ ဒေသခံ ပြည်သူတွေက လက်ခံတဲ့ လူမျိုးကို ဦးစားပေးမှာ ဖြစ်ပြီး ပညာတတ် စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည်နယ်ဒေသခံ တိုင်းရင်းသားတွေကို ဦးစားပေး ရွေးချယ်ထားတယ်လို့လည်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကပြောကြောင်း ကြံ့ခိုင်ရေးပါတီက သတင်းထုတ်ပြန်ထားပါတယ်။ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းတွေဟာ တည်ကြည်ဖြောင့်မတ်ပြီး စိတ်ရင်းစေတနာကောင်းသူ၊ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ပြီး အများအကျိုးလုပ်ဆောင်လိုသူတွေကိုပဲ ရွေးချယ်တာဝန်ပေးမယ်လို့ ပြောကြား ထားပါတယ်။ လာမယ့် ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်ဖို့ ကြေညာထားပြီး ကိုယ်စားလှယ်လောင်း စာရင်းကို ဒီလ ၂၀ ရက်ကနေ သြဂုတ်လ ၈ ရက်နေ့အထိ တင်သွင်းရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024