A d v e r t i s e m e n t With Us

ပြည်သူတွေရဲ့ ကျပ်တည်းမှုဟာ ကျနော်တို့ အနုပညာသမားတွေရဲ့ အကျပ်တည်းပဲ

နိုင်ငံခြား​ငွေ ကိုင်​ဆောင်မှု အပါအဝင် တရား​မဝင် အသင်း​ပင်း​ဖွဲ့​စည်း​မှုတို့​ဖြင့်​ ​ထောင်ဒဏ် (၆) နှစ် ကျခံ​နေရရာမှ မေ ၁၇ မှာ ကော့သောင်း​အကျဉ်း​ထောင်က ပြန်လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ နိုင်ငံကျော် ဟစ်​ဟော့​အဆို​တော် ကိုဇယျာ​သော်နဲ့​ ​မေး​မြန်း​ထား​ပါတယ်။ မြန်မာပြည်မှာ ဟစ်​ဟော့​ဂီတကို စတင်မိတ်ဆက်​ပေး​ခဲ့​သူ ကို​ဇေယျာ​သော်က အနုပညာသမား​ဆိုတာ ပြည်သူဘက်က ရပ်တည်ဖို့​ လိုတယ်လို့​ ယုံကြည်သူ ဖြစ်ပါတယ်။ မ​နေ့​က ဘယ်အချိန် ပြန်​ရောက်လဲ။ “မ​နေ့​ ၅ နာရီခွဲ​ကျော်​ကျော်​လောက် ရန်ကုန်​လေယာဉ်ကွင်း​ကို ဆိုက်တယ်၊​ အိမ်ကိုပြန်​ရောက်​တော့​ ၆ နာရီခွဲ​လောက် ​ရောက်ပါတယ်။” အိမ်ကို ပြန်​ရောက်လာ​တော့​ ဘယ်လို ခံစား​ရလဲ။ “ကျ​နော်တင် မဟုတ်ပါဘူး​။ ဗမာနိုင်ငံ ​နေရာ အနှံ့​အပြား​မှာ ​ရောက်​နေတဲ့​ ယုံကြည်ချက်​ကြောင့်​ အကျခံ​နေရတဲ့​ အကျဉ်း​သား​တွေ အကျဉ်း​သူ​တွေ အား​လုံး​ ကိုယ့်​အိမ်ကို ပြန်​ရောက်​စေချင်ပါတယ်။” မ​နေ့​က လွတ်လာတဲ့​အခါကျ​တော့​ ဘယ်သူ​တွေ လာကြိုကြလဲ။ “ကျ​နော်နဲ့​ အနုပညာရှင် လုပ်​ဖော်ကိုင်ဖက်များ​ဖြစ်တဲ့​ သား​စိုး​၊​ ကိုမျိုး​ကျော့​ ပြိုင်ကအစ အား​လုံး​ လာကြိုကြပါတယ်။” အား​လုံး​နွေး​နွေး​ထွေး​ထွေး​ပေါ့​၊​ အရင်အတိုင်း​ပဲ​ပေါ့​၊ “​နွေး​နွေး​ထွေး​ထွေး​ပါပဲဗျ။ အခု​လော​လောဆယ်​တောင် သူတို့​နဲ့​ ချိန်း​ထား​ပါ​သေး​တယ်။ မိသား​စုနဲ့​ ခန ​နေလိုက်ဦး​မယ် ဆိုပြီး​ တား​ထား​ရတယ်။” ဘာ​တွေ ဆက်လုပ်မလဲဗျ။ “ကျ​နော်ပထမဆုံး​ လုပ်ချင်တဲ့​ အလုပ်က​တော့​ ခုနက ​ပြောသလိုပါပဲ။ မြန်မာနိုင်ငံအနှံ့​အပြား​ အကျဉ်း​ထောင်​တွေမှာ ​ရောက်​နေတဲ့​ ကျ​နော်တို့​ရဲ့​ ​နောင်​တော်​တွေ၊​ အစ်မ​တွေ၊​ ကျ​နော်တို့​ရဲ့​ ရဲ​ဘော်ရဲဘက်​တွေ သူတို့​တွေ အကုန်လုံး​ ခြွင်း​ချက်မရှိ ပြန်လွတ်လာ​အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျ​နော် ပထမဦး​ဆုံး​ စဉ်း​စား​နေပါတယ်။ ကျ​နော်ဟာ အနုပညာသမား​ ဖြစ်​နေတဲ့​အတွက် ကျ​နော့်​ရဲ့​ ထမင်း​ရှင်ဟာ ပရိသတ်​တွေပါ။ ပရိသတ်​တွေဆိုတာ ပြည်သူ​တွေပါပဲ။ ဒါ​ကြောင့်​မို့​လို့​ ပြည်သူ​တွေဘက်က ရပ်တည်ပြီး​ ပြည်သူ​တွေအတွက် အမှန်တကယ် အ ကျိုး​​ရှိမယ့်​ဟာ​တွေ လုပ်သွား​မယ်လို့​ ကတိပြုပါတယ်။” ကို​ဇေယျာ​သော်ကို ဖမ်း​သွား​တုန်း​က အ​တွေ့​အကြုံ​လေး​ ​ပြောပြ​ပေး​ပါလား​။ ဘယ်လိုမျိုး​ဖမ်း​သွား​လဲ၊​ အဲဒီတုန်း​က ဘာ​တွေ ကြုံတွေ့​ရလဲ။ “ကျ​နော်နဲ့​ သူငယ်ချင်း​ အား​လုံး​ပေါင်း​ ၆ ​ယောက်​ပေါ့​။ ဆိုင်တဆိုင်မှာ ရှိ​နေတဲ့​အချိန် စရဖက ဝင်ဖမ်း​သွား​တာပါ။ မျက်နှာကို အဝတ်စည်း​ပြီး​ ဘယ်​နေရာမှန်း​ မသိတဲ့​ ​နေရာကို ဖမ်း​ခေါ်သွား​တာပါ။ အဲဒီ​နေရာမှာ စစ်​ကြော​ရေး​ လုပ်တယ်၊​ ပြီး​သွား​မှ အင်း​စိန်ကို ​ရောက်သွား​တယ်။ အဲဒီမှာ အမှုရင်ဆိုင်ပြီး​ ၂ဝဝဂ နှစ်ကုန်နီး​ပါး​လောက်မှာ အမိန့်​ချပြီး​ ကျ​နော့်​ ​ကော့​သောင်း​ထောင်ကို ​ပြောင်း​ရတာပါ။” ထောင်ထဲက အ​ခြေအ​နေက​ရော အပြင်​နေရာတာထက် အများ​ကြီး​ ကွာသွား​မှာ​ပေါ့​။ အနုပညာသမား​ တ​ယောက်ဆို​တော့​။ “ဘယ်နိုင်ငံမဆို အကျဉ်း​ထောင်မှန်သမျှ ကိုယ့်​နိုင်ငံရဲ့​ လူ​နေမှု အဆင့်​အတန်း​ထက်​တော့​ နိမ့်​ကျကြတယ်။ ကျ​နော်တို့​ မြန်မာနိုင်ငံက လူ​နေမှုအဆင့်​အတန်း​ နိမ့်​ကျပြီး​သား​နိုင်ငံ ဖြစ်​နေတဲ့​အတွက် အကျဉ်း​ထောင်ရဲ့​ အ​ခြေအ​နေဆိုတာ စဉ်း​စား​ကြည့်​ပေါ့​ဗျာ။” ကော့​သောင်း​ထောင်ရဲ့​ ​လော​လောဆယ် အ​ခြေအ​နေက​ရော ဘာ​တွေများ​ ​ပြောစရာရှိလဲ။ “အကျဉ်း​ထောင်နဲ့​ ပတ်သက်ပြီး​ ​ပြောရမယ်ဆိုရင်​တော့​ အကျဉ်း​ထောင် ဖြစ်​နေတဲ့​အတွက် ဟန့်​တား​ချက်​တွေ ရှိမယ်။ တား​မြစ်ချက်​တွေ ရှိမယ်၊​ ဒါက​တော့​ ​ထောင်တခုနဲ့​ တခု မတူဘူး​လေ။ ဒီ​ထောင်မှာ ခွင့်​ပြုတဲ့​ဟာက တခြား​ထောင်မှာ ခွင့်​ပြုချင်ပြုမယ်။ တခြား​ထောင်မှာ ခွင့်​ပြုတဲ့​ဟာက ဒီ​ထောင်မှာ ခွင့်​ပြုချင်မှ ပြုမှာ​လေ။ အဲဒီ​တော့​ ​ယေဘုယျခြုံပြီး​ပြောရရင်​တော့​ အဆင်​ပြေ​အောင် ကျ​နော်တို့​တွေ ကြိုး​စား​ပြီး​ ​နေကြတာ​ပေါ့​။ ကိုယ့်​ရဲ့​ ယုံကြည်ချက်နဲ့​ ရည်တည်ချက်ကိုပဲ မြဲမြဲဆုပ်ကိုင်ပြီး​ ဖြစ်လာတဲ့​ အခက်အခဲကို ရင်ဆိုင် ​ကျော်လွှား​နေကြတာပဲ။” အထဲမှာ တခြား​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ဘယ်သူ​တွေ ရှိလဲ။ “ကိုပြုံး​ချို၊​ ကို​အောင်မျိုး​ပိုင်၊​ ကို​ဇော်မင်း​ ဆိုတာရှိမယ်၊​ ​နောက် ကိုမျိုး​မင်း​ ရှိမယ်။ ကျ​နော့်​အရင် လွတ်သွား​တဲ့​ဟာက​တော့​ ကိုထွန်း​မင်း​အောင် ဆိုတဲ့​ တ​ယောက်ရယ်၊​ ​နောက် ဦး​ချစ်ခင်ဆိုတဲ့​တ​ယောက်ရယ် သူတို့​နှစ်​ယောက်က​တော့​ ဟိုး​အရင်ကတည်း​က လွတ်သွား​ကြတာပါ။” အခု ကို​ဇေယျာ​သော်လွတ်သွား​တဲ့​အခါကျ​တော့​ တခြား​ ကျန်ခဲ့​တဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ​ပေါ့​ သူတို့​က ဘာ​တွေ ​ပြောကြ​သေး​လဲ။ “ကျ​နော်တို့​က ​နေရတာ တတိုက်တည်း​ မဟုတ်ဘူး​ဗျ။ ကျ​နော်နဲ့​ တတိုက်တည်း​က ကိုပြုံး​ချို​ပေါ့​။ ကျန်တာက တခြား​တိုက်မှာ။ အဲ​တော့​ သူတို့​ကို မြင်လည်း​ မမြင်ရဘူး​။ စကား​လည်း​ မ​ပြောရဘူး​ပေါ့​။ ကိုပြုံး​ချိုနဲ့​က တတိုက်တည်း​ ဖြစ်​နေတာမို့​လို့​ စကား​ပြောဖြစ်တာ​ပေါ့​။ လက်ရှိတာဝန်ကျ​နေတဲ့​ ဆရာဝန် မတိုင်ခင် ဆရာဝန်​တွေရယ်။ အလျဉ်း​သင့်​သလို ကျန်း​မ​ရေး​ လာစစ်​ဆေး​နေတဲ့​ ဆရာဝန်​တွေ အား​လုံး​က​တော့​ ​သွေး​တိုး​ရောဂါရှိတယ်။ ​နေ့​စဉ် ​သွေး​ပေါင်ချိန်ရမယ်ဆိုတဲ့​ မှတ်ချက် ​ရေး​ထား​တယ်ဗျ။ “ဒါ​ပေမယ့်​ လက်ရှိတာဝန်ကျ​နေတဲ့​ အကျဉ်း​ထောင် ဆရာဝန်က​တော့​ ကျ​နော်တို့​ကို ကျန်း​မာ​ရေး​ စစ်​ဆေး​မှု မလုပ်တာ ၆ လ ​လောက် ရှိပါပြီ။ ကျ​နော်တို့​ ​နေရတဲ့​ တိုက်မှာရှိတဲ့​ လူ​တွေကို​ပေါ့​။ တခြား​နေရာ​တော့​ မမြင်ရ​တော့​ ကျ​နော် မ​ပြောနိုင်ဘူး​ပေါ့​။” ဇေယျာ​သော် ​ထောင်ထဲမှာ ​နေတဲ့​အချိန်မှာ အနုပညာသမား​တ​ယောက်အ​နေနဲ့​ အပြင်​ရောက်ရင် လုပ်မယ်ဆိုတဲ့​ဟာမျိုး​ ရှိလား​ဗျ။ “အနုပညာသမား​ဆို​တော့​လည်း​ အရာအား​လုံး​ကို ခံစား​ချက်​လေး​တွေနဲ့​ လိုက်ကြည့်​ထား​တာ​ပေါ့​ဗျာ။” အခု ပြန်ထွက်လာပြီး​တော့​မှ အနုပညာအလုပ်ကို ပြန်လုပ်ဖို့​ ရှိ​သေး​လား​။ “အနုပညာက​တော့​ ကျ​နော့်​အ​နေနဲ့​ ဂီတကို ဆိုဖြစ်မယ်လို့​ ထင်တယ်။ ဒါ​ပေမယ့်​ ခွင့်​ပြုမယ် မခွင့်​ပြုမယ်ဆိုတာ​တော့​ မသိဘူး​ဗျာ။” ကို​ဇေယျာ​သော်တို့​ အဖွဲ့​တွေ​ပေါ့​နော်။ွနညနမ​အေငသည တ​လေန (မျိုး​ဆက်သစ်လူငယ်များ​ အစည်း​အရုံး​) ​ပေါ့​။ သူတို့​နဲ့​ ပတ်သက်ပြီး​ ဘာများ​ ​ပြောချင်​သေး​လဲဗျ။ “သူတို့​နဲ့​ ပတ်သက်လို့​ အခုချိန်ထိ အဆက်အသွယ်လည်း​ မရှိ​သေး​ဘူး​။ ဆို​တော့​ သူတို့​ ဘာလုပ်​နေလဲ ကျ​နော် မသိ​သေး​ဘူး​၊​ ဒါ​ပေမယ့်​လည်း​ နိုင်ငံအတွက် တိုင်း​ပြည်အတွက် အကျိုး​ရှိမယ့်​ဟာ​တွေ သူတို့​ ဆက်လုပ်​နေမယ်လို့​ ကျ​နော် ထင်ပါတယ်။” အနုပညာ​လောကထဲမှာ နိုင်ငံ​ရေး​နဲ့​ ပတ်သက်လို့​ လက်ချိုး​ရေလို့​ ရပါတယ်။ လက်​ရှောင်ကြတာ​ပေါ့​လေ။ အဲဒါနဲ့​ ပတ်သက်လို့​ ဘယ်လိုများ​ စဉ်း​စား​မိလဲဗျ။ “အနုပညာသမား​ဆိုတာက​တော့​ မိမိရဲ့​ စိတ်ခံစား​မှု​ပေါ်မှာ မူတည်ပြီး​ အနုပညာ​တွေကို ဖန်တီး​ကြတာ​လေ။ ဒါ​ပေမယ့်​ ပြည်သူ​တွေရဲ့​ ခံစား​မှု၊​ ပြည်သူ​တွေရဲ့​ အကျပ်အတည်း​။ အခုဆိုရင် နိမ့်​ကျ​နေတဲ့​ ပညာ​ရေး​တွေ၊​ ကျန်း​မာ​ရေး​တွေ၊​ လက်သင့်​ရာစား​တော်​ခေါ်တဲ့​ စီး​ပွား​ရေး​ မူဝါဒ​တွေ၊​ ဒီခံစား​မှု​တွေက ပြည်သူ​တွေဆီက​နေ ကျ​နော်တို့​ အနုပညာသမား​တွေဆီ ကူး​စက်လာတာပါ။ ပြည်သူ​တွေရဲ့​ ကျပ်တည်း​မှုဟာ ကျ​နော်တို့​ အနုပညာသမား​တွေရဲ့​ ကျပ်တည်း​မှုပဲ​လေ။ အဲဒီ​တော့​ ပြည်သူ​တွေရဲ့​ ခံစား​မှု​တွေကိုသာ ကျ​နော်တို့​ မ​ဖော်ထုတ်​ပေး​နိုင်ဘူး​ဆိုရင် အနုပညာလုပ်​နေတာဟာ အနုပညာစစ်ပါ့​မလား​။ ပြည်သူ​တွေရဲ့​ ခံစား​ချက်ကို ​ဖော်ထုတ်ရုံတင် မကပါဘူး​။ ပြည်သူ​တွေဘက်ကပါ မား​မား​မတ်မတ် ရပ်တည်သင့်​ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up