လီဆက်စတာနည်းပြ အဖြစ် ချဲလ်ဆီးနည်းပြဟောင်း ကလောဒီယို ရိုင်နရီကို ခန့်အပ်

ဓာတ်ပုံ - ရိုက်တာ
1.1K
ပရီးမီးယားလိဂ်ကလပ် လီဆက်စတာစီးတီး အသင်းက ချဲလ်ဆီး နည်းပြဟောင်း ကလောဒီယို ရိုင်နရီကို နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။
အီတလီလူမျိုး နည်းပြ ရိုင်နရီကို လီဆက်စတာက ၃ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တာပါ။ ရိုင်နရီဟာ ၂၀၀၄ မှာ ချဲလ်ဆီးက ထွက်ခွာပြီးနောက်ပိုင်း အင်္ဂလန်မြေပေါ်ကို ပြန်လည်ခြေချခြင်း မရှိဘဲ အခုမှ ပြန်လည်ရောက်ရှိလာတာပါ။
ချဲလ်ဆီးကနေ ထွက်ခွာပြီးကတည်းက ကမ္ဘာပေါ်က အကောင်းဆုံး လိဂ်တခုမှာ ပြန်ပြီး လုပ်ကိုင်ခွင့်ရဖို့ အမြဲတမ်း အိပ်မက် မက်ခဲ့တယ်လို့ လီဆက်စတာ နည်းပြသစ် ရိုင်နရီက ပြောပါတယ်။
အသက် ၆၃ နှစ်အရွယ် ရိုင်နရီဟာ မနှစ်တုန်းက ဂရိလက်ရွေးစင်အသင်း နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပေမယ့် ရလဒ်တွေ မကောင်းလို့ ထုတ်ပယ်ခံထားရပါတယ်။
သူဟာ ဂျူဗင်တပ်၊ ဗလန်စီယာ၊ နာပိုလီ၊ အက်သလက်တီကို မက်ဒရစ်နဲ့ ရိုးမားစတဲ့ အသင်းတွေမှာလည်း နည်းပြအဖြစ် ကျင်လည်ခဲ့ဖူးပါတယ်။