မြေယာအငြင်းပွားမှု ပြဿ နာများ ကူညီနိုင်ရန် အင်တာနက်စာမျက်နှာ ဖန်တီး
DVB
·
July 13, 2015
မြန်မာပြည်တွင်းက မြေယာအငြင်းပွားမှု ပြဿ နာတွေအတွက် ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး Open Data Myanmar ကနေ အင်တာနက်စာမျက်နှာတခုကို ဖန်တီးလိုက်ပါတယ်။
ဒီဝက်ဆိုဒ်မှာ တနိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ မြေယာပြဿ နာဆိုင်ရာ အချက်အလက်တွေကို ဖော်ပြထားမှာဖြစ်ပြီး မြေယာဆုံးရှုံးခံလိုက်ရတဲ့ လယ်သမား၊ ယာသမားတွေအနေနဲ့လည်း သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿ နာတွေကို ဒီဝက်ဆိုဒ်မှာ ၀င်ပြီး အချက်အလက်သတင်းတွေ ပေးလို့ ရတယ်လို့ ဒီအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းသူတွေထဲက တယောက်ဖြစ်တဲ့ ဒေါ်ဝေေ၀လွင် က ပြောပါတယ်။
ဒီဝက်ဆိုဒ်မှာ လောလောဆယ်အချိန်မှာတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီဘက်က မြေယာပြဿနာတွေ အများဆုံးမှတ်တမ်းတင်ထားနိုင်ပြီး နောက်ပိုင်းမှာ တနိုင်ငံလုံး အတိုင်းအတာ ကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဒေါ်ဝေေ၀လွင်က ဒီဗွီဘီကို ပြောပါတယ်။
လယ်ယာမြေပြဿ နာတွေနဲ့ ပတ်သက်ပြီး www.opendatamyanmar.com မှာ ၀င်ရောက် ကြည့်ရှုနိုင်သလို နစ်နာသူတွေရဲ့ အခက်အခဲတွေကိုလည်း သတင်းစကားပေးနိုင်ပြီ ဖြစ်ပါတယ်။