A d v e r t i s e m e n t With Us

မက္ကဆီကိုမီးတောင် ပေါက်ကွဲမှု ရာစုနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်နိုင်

ဓာတ်ပုံ - ရိုက်တာ
မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းမှာ ဆက်လက်ပေါက်ကွဲနေတဲ့ ကိုလီမာ (Colima) မီးတောင်အနီး ကယ်ဆယ်ဖို့ ကျန်နေသေးတဲ့ ဒေသခံတွေကို ဇူလိုင် ၁၂ ရက်နေ့က ကယ်ဆယ် နေရာချထားရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ပေးနေပါတယ်။ ချော်ရည်နဲ့ မီးတောင်ပြာတွေ အဆက်မပြတ် မှုတ်ထုတ်နေပြီး ဒီရာစုနှစ်အတွင်း အပြင်းထန်ဆုံး ပေါက်ကွဲမှု ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ မီးတောင်နဲ့ အနီးဆုံးရွာ ၆ ရွာက ဒေသခံတွေကို ကယ်ဆယ်ပြီးဖြစ်ပြီး အဲ့ဒီထဲက အနည်းဆုံး အယောက် ၇၀ ကိုတော့ ယာယီကယ်ဆယ်ရေး စခန်းမှာ ပြောင်းရွှေ့ နေရာချထားပေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ဒေသခံတဦးဖြစ်တဲ့ ဂျူအန် ကာလို့စ် မန်ဒက်ဇ် ဂွန်ဇာလက်ဇ် (Juan Carlos Mendez Gonzalez) က ကိုယ့်ဟာကိုယ်ဆို ဘယ်လိုထွက်လာရမှန်း မသိလို့ ကယ်ဆယ်ရေးအဖွဲ့က ခေါ်လာခဲ့တာဖြစ်ပါတယ်လို့ ပြောပါတယ်။ မိုးရွာလာနိုင်တဲ့အတွက် မြေပြိုမှုတွေ ဖြစ်လာနိုင်တာကိုလည်း သတိထားရမှာဖြစ်ပြီး လူတိုင်းကို ဘေးကင်းလုံခြုံတဲ့နေရာ ကယ်ဆယ်ပို့ဆောင်ပေးရမှာလို့ အများပြည်သူ ဘေးကင်းလုံခြုံရေးဌာန ညွှန်ကြားရေးမှူးတဦးက ပြောပါတယ်။ ဒီ ကိုလီမာမီးတောင်ကို မက္ကဆီကိုနိုင်ငံမှာ Fire volcano လို့လည်း လူသိများပြီး လှုပ်ရှားမှုအများဆုံး မီးတောင်ကြီး ဖြစ်ပါတယ်။ ၁၆ ရာစုနောက်ပိုင်း မီးတောင်လှုပ်ရှားမှု အကြိမ် ၄၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးလှုပ်ရှားမှုဖြစ်ခဲ့တဲ့ အချိန်ကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလနဲ့ ဖေဖော်ဝါရီလတွေကဖြစ်ပြီး ဒေသခံတွေကို ကယ်ဆယ်ရေးတွေ မလုပ်ခဲ့ရပါဘူး။

A d v e r t i s e m e n t With Us

More News
Up