A d v e r t i s e m e n t With Us

မြန်မာစစ်တပ်က ထိန်းသိမ်းထားသည့် ကေအန်ယူတပ်သား ၃ ဦးပြန်လွတ်

မြန်မာစစ်တပ်က ထိန်းသိမ်းထားတဲ့ ကေအန်ယူ တပ်မဟာ (၁) တပ်ရင်း (၃)က တပ်သား ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ကေအန်ယူတပ်မဟာ ၁ ဆက်ဆံရေးရုံးက ဒုတာဝန်ခံ ဗိုလ်ကြီး လေ့တူက ပြောပါတယ်။ “သူတို့ ၃ ယောက်ထဲက တယောက်က အရက်မူးပြီး သူ့သေနတ်က မောင်းတင်ထားတာကို သွားထိမိတော့ ကျည်ထွက်သွားတယ်။ အဲမှာ ရွာသား ၂ ယောက်ကို ထိတဲ့အတွက် မြန်မာစစ်တပ်က သူတို့ကို ထိန်းသိမ်းလိုက်တာ။ တည ထိန်းသိမ်းထားတာ။ ဒီမနက် တပ်မဟာ ၁ တပ်ရင်းမှူးက သူ့ရုံးတာဝန်ခံလွတ်ပြီး သွားတွေ့ဆုံဆွေးနွေးတဲ့အတွက် အခု သူတို့ကိုနေရာကို ပြန်ရောက်လာကြပါပြီ။” ဖြစ်စဉ်မှာ မနေ့ ဇူလိုင်လ ၁၂ ရက်နေ့က ကေအန်ယူတပ်မဟာ ၁ တပ်ရင်း ၃ က ရဲဘော်တွေဟာ ကာမဲကျေးရွာ အနီးက ရာဘာခြံမှာ မှာရှိနေတဲ့အချိန် ရွာသားတွေက သူတို့ ဆီအလည်လာပြီး စကားပြောစဉ် မူးနေတဲ့ တပ်သားရဲ့ကျည်ပေါက်ထွက်ပြီး သူတို့ဆီ လာလည်တဲ့ ရွာသား ၂ ဦး ထိခိုက်သွားပါတယ်။ ဒါကို အစိုးရတပ်က ဆေးကုသမှုပေးခဲ့ပြီး လက်ရှိမှာတော့ ရွာသား ၂ ဦးဟာ ကေအန်ယူတပ်ရင်း ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း ဗိုလ်ကြီးလေ့တူက ပြောပါတယ်။ သူတို့ ဒဏ်ရာ အနည်းအငယ်သာရရှိပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့လည်း ပြောပါတယ်။ မြ၀တီ စစ်တပ်သတင်းမှာတော့ ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီအချိန်ခန့် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ကာမဲကျေးရွာသို့ ရောက်ရှိစဉ် ကေအင်န်ယူ တပ်မဟာ(၁) ရင်း(၃)မှ ၃ ဦးရောက်ရှိနေပြီး ကျည်ပေါက်ထွက်မှုကြောင့် ရွာသား ၂ ဦး ဒဏ်ရာရရှိထားကြောင်း သတင်းရရှိသဖြင့် သွားရောက်ရှင်းလင်းရာ အရက်မူးနေသော ကေအင်န်ယူ တပ်သားအဆင့်ရှိ သူ ၃ ဦးအား အမ်-၁၆ ၁ လက်၊ ကေကေ-၄၇ ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up