ဘိုင်ယန်မြူးနစ် ကစားသမားများနှင့် ပရိသတ် မိတ်ဆက် (ရုပ်သံ)

ဘိုင်ယန်မြူးနစ်အသင်းက လာမယ့် ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ် ဘောလုံးရာသီမှာ ပါဝင်ကစားမယ့် အသင်းမှာရှိတဲ့ ကစားသမားတွေကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ မြူးနစ်မှာရှိတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဘောလုံးကွင်းမှာလုပ်တဲ့ မိတ်ဆက်ပွဲကို ပရိသတ် ၇ သောင်းလောက် တက်ရောက် အားပေးခဲ့ပါတယ်။ ကစားသမားစာရင်းမှာတော့ မန်ယူကို ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်ကစားသမားနဲ့ အသင်းခေါင်းဆောင် ရှဝိန်းစတိုင်ဂါ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်သမားတွေဖြစ်တဲ့ ဂျော့စွာ ကင်မစ်ခ်ျနဲ့ ဘရာဇီးက ဒေါက်ကလပ်စ် ကော်စတာတို့ကို ပွဲထုတ်သွားပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘရာဇီး ကွင်းလယ်ကစားသမား ကော်စတာကို ယူကရိန်းကလပ် ရှာတာဒွန်းတက်ခ်ကနေ ၅ နှစ်စာချုပ်နဲ့ ခေါ်ယူထားတာပါ။ ကင်မစ်ခ်ျကိုတော့ ဂျာမန်ကလပ် စတုဂတ်အသင်းကနေ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ နည်းပြ ပက် ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ဟာ ဂျာမန် ဘွန်ဒတ်စ်လီဂါ ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ရယူထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒတ်စ်လီဂါ ချန်ပီယံဆုကို ၂၅ ကြိမ် ရယူထားနိုင်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up