ဆော်ဒီဦးဆောင် ညွန့်ပေါင်းတပ်ဖွဲ့ ယီမင်ကို လေကြောင်းစစ်ဆင်ရေး ဆက်လုပ်
ယီမင်နိုင်ငံ မြို့တော် ဆာနာမှာ ဇူလိုင် ၁၂ ရက်နေ့ နှောင်းပိုင်းအထိ ဆော်ဒီ ခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းစစ်ဆင်ရေးတွေ ဆက်လုပ်နေပါတယ်။ အသေအပျောက် အပျက်အစီး စာရင်းအတိအကျတော့ မသိရသေးပါဘူး။
ဇူလိုင် ၁၂ ရက်နေ့က တခြားနေရာတွေမှာ အလားတူ တိုက်ခိုက်မှုတွေကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဆော်ဒီနဲ့ ညွန့်ပေါင်းအဖွဲ့ဟာ အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီတပ်ဖွဲ့ရဲ့ စစ်စခန်းတွေကို တိုက်ခိုက်နေတာ မတ်လနှောင်ပိုင်းကတည်းက ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ ဇူလိုင် ၁၀ ရက်နေ့ ညကစပြီး ၁ ပတ် လူသားချင်း စာနာမှု အပစ်ရပ်ကာလ ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာပါ။
စစ်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ လူ ၂၁ သန်းအတွက် အရေးအပေါ် အကူအညီတွေကို ဖြန့်ပေးဝေဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောပြီး စစ်ပွဲအတွင်း လူပေါင်း ၃၀၀၀ လောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။