A d v e r t i s e m e n t With Us

အမေရိကန် အလှမယ်အဖြစ် အိုလီဗီယား ဂျော်ဒန် ရွေးချယ်ခံရ

ဓာတ်ပုံ - ရိုက်တာ
၂၀၁၅ ခုနှစ် အမေရိကန်အလှမယ် (Miss USA 2015) အဖြစ် အိုကလားဟိုးမားပြည်နယ် အလှမယ် အိုလီဗီယား ဂျော်ဒန် (Olivia Jordan) ကို ရွေးချယ်လိုက်ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ အလှမယ် ရွေးချယ်ပွဲကို ကြီးမှူးကျင်းပသူတွေထဲမှာ  အမေရိကန်သမ္မတ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောထားတဲ့ သူကြွယ်ကြီး ဒေါ်နယ်လ် ထရန့်ပ် (Donald Trump) လည်း ပါဝင်ပါတယ်။ အရင်နှစ်တွေက အန်ဘီစီရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ခဲ့ပေမယ့် မက္ကဆီကို ပြောင်းရွှေ့ အခြေချသူတွေကိစ္စနဲ့ ပတ်သက်လို့ ထရန့်ပ်ရဲ့ မှတ်ချက်ကြောင့် အဆင်မပြေဖြစ်ပြီး ဒီနှစ်မှာ ရီးဇ် (Reelz) ရုပ်သံလိုင်းကနေ ပထမဆုံး ပြသပါတယ်။ စည်းကမ်းချက်အရ အိမ်ထောင်မရှိ၊ ကလေးမရှိတဲ့ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အလှမယ်တွေထဲက ရွေးချယ်တာပါ။ ဒီနှစ် သရဖူရရှိတဲ့ အသက် ၂၆ နှစ်အရွယ် မော်ဒယ်ဟာ ဘော်စတွန်တက္ကသိုလ်မှာ ကျန်းမာရေးသိပ္ပံ ဘာသာရပ်နဲ့ ကျောင်းတက်နေသူ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုထဲက ပြည်နယ်တွေ အားလုံးနဲ့ ကိုလံဘီယာနယ်မြေ ကိုယ်စားပြုတဲ့ အလှမယ် ၅၁ ယောက်ထဲက အိုလီဗီယား ဂျော်ဒန်ကို အလှဆုံးမယ်အဖြစ် ရွေးချယ်လိုက်တာပါ။ အသက် ၂၂ နှစ်အရွယ် တက္ကဆက်ပြည်နယ် အလှမယ် ယူလီယန်နာ ဂူအီရာ (Ylianna Guerra) က ဒုတိယ ရရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up