ဒက်ထရွိုက်မြို့တွင် ဟိုတယ်တလုံးကို ဒိုင်းနမိုက်ခွဲ ဖြိုချ (ရုပ်သံ)

7.3K
အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ် ဒက်ထရွိုက်မြို့မှာ ဇူလိုင် ၁၁ ရက်နေ့က ဆောက်လုပ်ရေး လုပ်ငန်းတခုအတွက် ရှေးဟောင်းဟိုတယ်တလုံးကို ဒိုင်းနမိုက်နဲ့ ထိန်းပြီး ဖြိုချခဲ့ပါတယ်။
ဟိုတယ်ဟာ သက်တမ်းအနှစ် ၉၀ ရှိပြီဖြစ်တဲ့ ပါ့ခ် အဲဗင်းနူး (Park Avenue) ဟိုတယ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ သိန်းနီးပါး အကုန်အကျခံ ဖြိုချခဲ့တာ ဖြစ်ပါတယ်။
ဒိုင်းနမိုက် ကီလို ၉၀ ကျော်သုံးစွဲခဲ့ပြီး စက္ကန့် ၃၀ အတွင်း အထပ် ၁၃ ထပ်၊ အခန်းပေါင်း ၂၅၂ ခန်းရှိ ဟိုတယ်တခုလုံး စီစဉ်တဲ့အတိုင်း ပြိုကျသွားခဲ့ပါတယ်။
ဒီ ဖြိုချလိုက်တဲ့ ဟိုတယ်နေရာမှာ ရက်ဒ် ၀င်းက်စ် (Red Wings) ဟော်ကီကစားကွင်းသစ်နဲ့ ဖျော်ဖြေရေးစင်တာတခု တည်ဆောက်မှာ ဖြစ်ပါတယ်။