Home
မေးမြန်းခန်း
ကိုယ့်ဘဝတူတွေ ထောင်ထဲမှာ ကျန်ခဲ့တာကို စိတ်ထိခိုက်တယ်
အေးနိုင်
·
May 25, 2011
အစိုး​ရက လွတ်ငြိမ်း​ချမ်း​သာခွင့်​ ထုတ်ပြန်ပြီး​ အကျဉ်သား​ တ​သောင်း​ခွဲ​ကျော် ပြန်လွတ်​ပေး​တဲ့​ထဲမှာ လွတ်ကာနီး​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂ဝ ​လောက် မေ ၁၇ ၂ဝ၁၁ မှာ ပြန်လွတ်လာပါတယ်။ ပြန်လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေထဲက အသက် ၇၉ နှစ်အရွယ် ဦး​ကျော်ဆန်း​နဲ့​ ​မေး​မြန်း​ထား​ပါတယ်။ ဘဘ ပြန်​ရောက်ပြီလား​။ “ဟုတ်ကဲ့​ ခုနက ၃ နာရီက ပြန်​ရောက်ပါတယ်။” ဒီ​နေ့​ ပြန်လွတ်လာတာ​ပေါ့​နော်။ “​နေ​ကောင်း​ပါတယ်။ သူက ​နောက်ထပ်ချတာ ၇ နှစ်ဆို​တော့​လေ ၆ နှစ်နဲ့​ ၂ လပြည့်​ပြီ။ ဒီ​နေ့​ ၆ နှစ်နဲ့​ ၂ လ ပြည့်​တဲ့​နေ့​။” ကျ​နော်တို့​က ​နောက်နှစ် ဧပြီကျမှ ပြန်လွတ်မယ်ကြား​လို့​။ “သူက ​လျှော့​ရက်မရှိဖြစ်​နေတာ သူများ​တွေဆိုရင် ၇ နှစ်ချလို့​ရှိရင် ၅ နှစ်နဲ့​ ၅ လ၊​ ၅ နှစ်နဲ့​ ၄ ​လောက်ဆိုရင် လွတ်တယ်​လေ။” အခု ဘဘနဲ့​ စကား​ပြောပါရ​စေလား​။ ဘဘအထဲမှာ ​ရောက်​နေတုန်း​က အစာငတ်ခံ ဆန္ဒပြတာ​တွေ ဘာ​တွေ ကျ​နော် ဒီဗွီဘီက သတင်း​ ​တောက်​လျှောက် လွှင့်​ခဲ့​ပါတယ်ခင်ဗျာ။ ဒီ​နေ့​က​တော့​ ကွင်း​လုံး​ကျွတ် လွတ်လာတယ်​ပေါ့​နော် ဘဘ။ အခု ၇ နှစ်ကျတာ ​လျှော့​ရက် ၁ နှစ်ရတာလား​ ဘယ်နှနှစ် ရလဲ။ “ကျ​နော်တို့​ ​လျှော့​ရက်က​တော့​ နိုင်ငံ​တော် သမ္မတကြီး​ ​ကြေညာချက်အရ ၁ နှစ်​ပေါ့​လေ။ ​နောက်တခုက​တော့​ သာမန်အ​နေနဲ့​ တွက်ရင်​တော့​ ကျ​နော်က အချုပ်ခံရတာလည်း​ ၂ လနဲ့​ ရက် ၂ဝ၊​ ​ထောင်ကျတာက ၇ နှစ်​ပေါ့​။ ၇ နှစ်ဆို​တော့​ အခုက ၆ နှစ်နဲ့​ ၂ လရှိပါပြီ။ ဒီ​နေ့​ ၆ နှစ်နဲ့​ ၂ လပြည့်​တဲ့​နေ လွှတ်​ပေး​တယ်လို့​ပဲ ​ပြောရမှာ​ပေါ့​လေ။ ချုပ်ရက်​ရော ဘာ​ရောအပါအဝင်​ပေါ့​။” ဒါဆိုလို့​ရှိရင် ချုပ်ရက် မရဘူ​ပေါ့​နော်။ “ချုပ်ရက် ရပါတယ်။ ချုပ်ရက်အပါအဝင်​ပေါ့​ အား​လုံး​ ၆ နှစ်နဲ့​ ၂ လ။ ချုပ်ရက်က​တော့​ ၂ လနဲ့​ ရက် ၂ဝ ရှိပါတယ်။ ကျန်တာက​တော့​ ကျတာ ၇ နှစ်ဆို​တော့​ အဲဒီ ၇ နှစ်က ချုပ်ရက်ပါ ထည့်​ပေး​ပုံ ရပါတယ်။ အရင် ကျ​နော်တို့​ ဒီမတိုင်ခင်က ၉ နှစ်နဲ့​ ၃ လ​ပေါ့​ဗျာ။ အခု ၆ နှစ်နဲ့​ ၂လ။ စုစု​ပေါင်း​ ​ပေါင်း​တဲ့​အခါကျ​တော့​ ၁၅ နှစ်နဲ့​ ၅ လ ပြည့်​တဲ့​နေ့​ပါ။ တဆက်တည်း​တော့​ မဟုတ်ဘူး​ပေါ့​လေ အကြိမ်ကြိမ်​ပေါ့​။ ၃ နှစ်က တကြိမ်၊​ ၆ နှစ်က တကြိမ်၊​ ၃ နှစ်နဲ့​ ၆ နှစ်​ကျော် ​ပေါင်း​တဲ့​အခါက ၉ နှစ်နဲ့​ ၃ လ။ အဲဒီ ၉ နှစ်နဲ့​ ၃ လလွတ်ပြီး​ အပြင်ဘက်မှာ ၄ လ။ ​နောက်မပြည့်​ခင်မှာ ​ထောင်ထဲ ဆွဲသွင်း​တာက ၇ နှစ် ကျပါတယ်။ ဒီ​နေ့​ ၆ နှစ်နဲ့​ ၂ လပြည့်​တဲ့​နေ့​မှာ လွတ်​ပေး​တယ်။ ၇၉ နှစ်ရှိပါပြီ။ ဆယ်အိမ်​ခေါင်း​တောင် မလုပ်ရဘဲ ​ထောင်ထဲ ခနခန ဝင်​နေရတဲ့​လူထဲမှာ တ​ယောက်အပါအဝင်​ပေါ့​။ ​လေး​ကြိမ်ရှိပြီ။” တပ်မ​တော်အစိုး​ရလက်ထက်က ​ထောင်အကြိမ်ကြိမ်ကျခဲ့​တယ်။ အခုလက်ရှိ အစိုး​ရလက်ထက်မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်လာတာ​ပေါ့​နော်။ “ဒီလိုပဲ ​ပြောရမှာပါ။ ​ပြောရရင်​တော့​ သာမန်အား​ဖြင့်​ အပြင်ဘက်က ပုဒ်မနဲ့​ တရား​စွဲ​တော့​ ​ထောင် ၇ နှစ်ကျတာ​ပေါ့​။ အဲလိုကျ​တော့​ သာမာန် ရာဇဝတ်မှုဆိုရင် အလွယ်တကူလွတ်တယ်။ ပုံမှန်အား​ဖြင့်​ဆိုရင် ၅ နှစ် ၅ လ၊​ ၆ လဆိုတာ အာဏာကုန်ပဲ။ ကျ​နော်ကျ​တော့​ ၆ နှစ်နဲ့​ ၂ လ​တောင် မလွှတ်ခဲ့​ဘူး​။ အခုမှ လွှတ်တာပါ။ သာမန်လူထက်စာရင် တနှစ်နီး​ပါး​ ပို​နေရတဲ့​သ​ဘောပါ။” နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​က အ​ရေး​ကြီး​တယ်လို့​ ​ပြောကြတယ်။ ဒီဟာက တကယ့်​တကယ် ​မျှော်မှန်း​ထား​သလို မလွတ်လာဘူး​။ ကုလသမဂ္ဂကအစ ​တောင်း​ခဲ့​တယ်။ အခုကျ​နော်တို့​ ရတဲ့​စာရင်း​အရဆို ၂ဝ ​လောက်ပဲ ရှိ​သေး​တယ်။ အဲ​တော့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ လွတ်​မြောက်​ရေး​က မြန်မာပြည်နိုင်ငံ​ရေး​မှာ ဘယ်​လောက်အ​ရေး​ပါသလဲလို့​ ခံစား​ရလဲ။ “သိပ်အ​ရေး​ကြီး​ပါတယ်။ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ကို လုပ်ရင် ဒါကို အရင်ဆုံး​လုပ်​ပေး​ရမယ်လို့​ ခံယူပါတယ်။ ဘာလို့​လဲဆို​တော့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ဆိုရင် သူတို့​ အာဃာတမရှိ​ကြောင်း​။ သူတို့​ သ​ဘောထား​ပြည့်​ဝ​ကြောင်း​၊​ နှစ်ဦး​နှစ်ဖက်မျှတတဲ့​ မျှ​ခြေကို ဆုံကြ​ပေါ့​။ အခုဟာက ဆိတ်ပါး​စပ် နှမ်း​ပက်သလိုပါပဲ။ ဘာမှအရာမ​ရောက်ဘူး​။ ကျ​နော့်​အ​နေနဲ့​ ဘာမှ အဓိပ္ပာယ်ရှိတယ်လို့​ မခံယူဘူး​။ ကျ​နော်လွတ်လို့​ ဝမ်း​မသာဘူး​။ အထဲမှာ ကိုယ့်​လိုဘဝတူ​တွေ ကျန်ခဲ့​တာ စိတ်ထဲမှာ ထိခိုက်ပါတယ်။ ကျ​နော့်​မိသား​စုနဲ့​ ​နွေး​နွေး​ထွေး​ထွေး​ ​နေရတာမမြင်ဘူး​။ ဘုရား​ကျောင်း​ကန် သွား​ရတာမမြင်ဘူး​။ ကျ​နော့်​လုပ်​ဖော်ကိုင်ဖက်​တွေနဲ့​ စုစုစည်း​စည်း​ လုပ်ရတာ နှစ်လိုဖွယ် ရှိ​သော်လည်း​ ပြန်​ပြောရရင် ဘဝတူချင်း​ လွတ်ဖို့​သင့်​တဲ့​လူ​တွေ ကျန်း​မာ​ရေး​အရ​ကော ​ထောင်သက်အရ​ရော၊​ ​နောက် လူနဲ့​ ​ထောင်သက်နဲ့​ မမျှတ​အောင် ချထား​တာ​တွေ​ကော ဘာမှမဖြစ်​လောက်ပဲ ကျန်​နေခဲ့​တာ​ကော စိတ်ထဲမ​ကောင်း​ပါဘူး​။ အဲဒါတချက်​တော့​ ခံစား​မှု အပြည့်​ရှိပါတယ်။” ဒီ​နေ့​ပြန်လွတ်လာတဲ့​လူ​တွေထဲမှာ လူငယ်​ကျောင်း​သား​တွေ ပါသလို အသက်အရွယ် ကြီး​ရင့်​သူ​တွေဆိုရင် ဘဘအကြီး​ဆုံး​လို့​တောင် ထင်ပါတယ်။ “ဖြစ်နိုင်ပါတယ်။ ၇၉ က လာမယ့်​ လအနည်း​ငယ်မှာ တင်း​တင်း​ပြည့်​မှာပါ။” အဲ​တော့​ နိုင်ငံ​ရေး​ကို ယုံကြည်ချက်နဲ့​ ​ထောင်ထဲကျ​နေသူ​တွေက အခုလို ပြန်လည်လွတ်​မြောက်လာချိန်မှာ အရင်တပ်မ​တော် အစိုး​ရအ​ပေါ်မှာ အာဃာတ​တွေ ရှိမလား​။ ဒါမှမဟုတ် ​ရှေ့​ဆက် ဘဘတို့​ ဘာ​တွေများ​ဖြစ်​စေချင်သလဲ။ “သူတို့​ သမ္မတကြီး​ ​ပြောထား​တဲ့​ ​ကောင်း​မွန်​သောအစိုး​ရ၊​ သန့်​ရှင်း​သော အစိုး​ရဖြစ်ရင်​တော့​ ဒါ​တွေက လက်​တွေ့​လုပ်​ဆောင်သင့်​တယ်။ ​ပြောရရင် သူတို့​အတွက်​ကော ပြည်သူ​တွေအတွက်​ကော နိုင်ငံ​ရေး​အင်အား​စု​တွေ အကုန်လုံး​ ဝမ်း​မြောက်မယ့်​ အ​နေအထား​ပါ။ အခု အဲဒီပုံစံမျိုး​မ​တွေ့​ရ​တော့​ စိတ်ထဲမှာ အင်မတန် ထိခိုက်ရပါတယ်။ လုပ်​ဖော်ကိုင်ဖက် ဘဝတူ​တွေ ချန်ထား​ခဲ့​ရလို့​လည်း​ စိတ်ထဲမှာ မ​ကောင်း​ဖြစ်ရတယ်။ ​ထောင်ကထွက်တဲ့​နေ့​ အ​ပျော်ဆုံး​နေ့​ဆို​ပေမယ့်​ ကျ​နော့်​အတွက်မှန်သင့်​သ​လောက်ပဲ မှန်ပါတယ်။ အကုန်မမှန်ဘူး​။ ကိုယ့်​ဘဝတူ​တွေ ​ထောင်ထဲမှာ ကျန်ခဲ့​တာကို စိတ်ထိခိုက်တယ်။” “ကျ​နော့်​ရည်ရွယ်ချက်က​တော့​ အမျိုး​သား​နိုင်ငံ​ရေး​ပေါ့​။ တရား​ဥပ​ဒေ​ဘောင် အတွင်း​မှာ လက်နက်ကိုင်လမ်း​စဉ်ကိုလည်း​ မသွား​ဘူး​။ မဆက်သွယ်ဘူး​။ အား​လည်း​မ​ပေး​ဘူး​။ တရား​ဥပ​ဒေ​ဘောင်ထဲက​နေ ဒီမိုက​ရေစီ ရ​အောင် အမျိုး​သား​နိုင်ငံ​ရေး​ အင်အား​စုကြီး​နဲ့​ အချုပ်အခြာ အာဏာကို တကယ့်​ စုစုစည်း​စည်း​နဲ့​ တဖက်ပြန်ရ​အောင် အပြင်ဘက်နိုင်ငံ​ရေး​အင်အား​စု​တွေနဲ့​ ပုဂ္ဂိုလ်တဦး​ချင်း​အ​နေနဲ့​ ကျ​နော်ကျရာ အခန်း​ကဏ္ဍက​နေ တာဝန်ယူ ​ဆောင်ရွက်မှာပါ။ ကျ​နော့်​အသက်ရှင်​နေသမျှ။ ကျန်း​မာ​ရေး​ကောင်း​နေသမျှ တဖက်ကလည်း​ အာဏာပိုင် အဖွဲ့​အစည်း​ကလည်း​ မှန်မှန်ကန်ကန် သ​ဘောထား​ပြည့်​ဝ​အောင်လည်း​ ကျ​နော်တို့​ ကြိုး​စား​ပါတယ်။ ​မေတ္တာနဲ့​ ဓမ္မနဲ့​ အစစအရာရာ ချဉ်း​ကပ်ပါမယ်။ အပြုသ​ဘော​ဆောင်တဲ့​ နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ ချဉ်း​ကပ်ပြီး​ လုပ်​ဖော်ကိုင်ဖက်၊​ ​ခေါင်း​ဆောင်​တွေ အင်အား​စု​တွေနဲ့​ အတူတကွ ​ဆောင်ရွက်သွား​မယ်လို့​ စီစဉ်ထား​ပါတယ်။” “မျက်စိခွဲထား​ရတယ်။ ဘယ်ဘက်က နှစ်ခါခွဲထား​ရတယ်။ ညာဘက်က တခါခွဲရတယ်။ ညာဘက်က နား​က ဖုန်း​တောင်နား​ထောင်လို့​ မရ​တော့​ဘူး​။ သွား​ကလည်း​ အ​ပေါ်သွား​ကလည်း​ မ​ကောင်း​ဘူး​၊​ ​အောက်သွား​ကလည်း​ ကျန်တဲ့​ နှစ်​ချောင်း​နဲ့​ ​ထောင်ထဲမှာ ၅ နှစ် ၆ နှစ်​လောက် ဒုက္ခခံပြီး​တော့​ စား​ရပါတယ်။ မကြာ​သေး​ခင် ၁ လ၊​ ၂ လ​လောက်က ​ထောင်ပိုင်ကိုတက်​တွေ့​ပြီး​ အ​ခြေအ​နေမှန်ကို ​သေ​သေချာချာ ​ပြောပြီး​တော့​ ကျ​နော်အပြင်မှာ မစိုက်ရရင်​တော့​ ​ထောင်ထဲမှာ ​ရောဂါအ​ခြေအ​နေအရ မစိုက်လိုဘူး​။ ကြာ​တော့​ ​မေး​ခိုင်​ရောဂါတို့​၊​ ဘီပိုး​တို့​၊​ စီပိုး​တို့​ စသည်ဖြင့်​အထဲမှာ ပစ္စည်း​တွေက သိပ်မသန့်​တဲ့​အတွက်​ကြောင့်​ မလုပ်ချင်တာ။ အပြင်မှာစိုက်ခွင့်​ပြုလို့​ ၂ သိန်း​လောက် ကိုယ့်​ငွေနဲ့​ကိုယ် အကုန်ခံပြီး​စိုက်ထား​ခဲ့​တာပါ။ ​ထောင်ထဲမှာ ကျန်း​မာ​ရေး​က အဆိုး​ဆုံး​ဖြစ်ခဲ့​ပေမယ့်​ အခု​တော့​ အပြင်မှာ နည်း​နည်း​တော့​ ပုံမှန်​ရောက်​နေပါတယ်။” “ကိုယ်ထိလက်​ရောက်​တော့​ ညှဉ်းပန်း​တာမရှိဘူး​။ ပါး​စပ်က​နေ​တော့​ ရိုင်း​ရိုင်း​စိုင်း​စိုင်း​ ​ပြောဆိုဆက်ဆံတာ​တွေ​တော့​ ခံရပါတယ်။ အဲဒီလို​ပြောခံရလို့​ ​ထောင်ပိုင်​တွေ ဘာ​တွေ တာဝန်ရှိတဲ့​လူ​တွေကို ​ပြောလို့​လည်း​ မထိ​ရောက်ဘူး။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024