A d v e r t i s e m e n t With Us

စည်းမျဉ်းနှင့်မညီဘဲ စက်ရုံများပိတ်သိမ်းလျှင် ဥပဒေအရ အရေးယူမည်

လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတခု။ (ဓာတ်ပုံ - ရိုက်တာ)
လုပ်ငန်းရှင်တွေအနေနဲ့ စည်းမျဉ်းနဲ့မညီဘဲ စက်ရုံတွေ ပိတ်သိမ်းမယ်ဆိုရင် ဥပဒေအရ အရေးယူမယ်လို့ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲ့လက အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အမျိုးသားကော်မတီအဆင့်ကနေပြီး အလုပ်သမားတွေအတွက် တနေ့ အနည်းဆုံး လုပ်အားခ ၃၆၀၀ နှုန်းကို ယာယီသတ်မှတ်ခဲ့ပါတယ်။ တနေ့အနည်းဆုံး လုပ်အားခ ၃၆၀၀ နှုန်း သတ်မှတ်မယ့်အပေါ် ပြည်တွင်းပြည်ပမှ လာရောက်လုပ်ကိုင်ကြတဲ့ အထည်ချုပ်လုပ်ငန်းရှင်တချို့ အလုပ်ရုံပိတ်သိမ်းမယ်လို့ ပြောကြား လာတာနဲ့ ပတ်သက်ပြီး အလုပ်အကိုင်နဲ့ အလုပ်သမား လူမှုဖူလုံရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးက အခုလို ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံကို ပြည်ပက လာရောက်လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေတွေကိုလည်း လိုက်နာဖို့လိုတယ်လို့ ပြောပါတယ်။ အနည်းဆုံးလုပ်ခလစာကို လက်ရှိမှာတော့ ၃၆၀၀ နှုန်းလျာထားပေမယ့် အလုပ်သမားတွေ ဘက်က လုပ်ခလစာ အနည်းဆုံး ကျပ် ၄၀၀၀ ရဖို့အတွက် မနေ့က ရန်ကုန်မှာ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up