A d v e r t i s e m e n t With Us

ပီအက်စ်ဂျီ ကွင်းလယ်လူ ကာဘာရီ ခရစ်စတယ်ပဲလေ့စ် ပြောင်းရွှေ့

ဓာတ်ပုံ - ရိုက်တာ
ပရီးမီးယားလိဂ်ကလပ် ခရစ်စတယ်ပဲလေ့စ်က ပြင်သစ်ကလပ် ပီအက်စ်ဂျီ ကွင်းလယ်သမား ရိုဟန် ကာဘာရီကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ခရစ်စတယ်ပဲလေ့စ်က အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းကျော်ပေးပြီး  ကွင်းလယ်လူ ကာဘာရီကို ခေါ်ယူလိုက်တာပါ။ အသက် ၂၉ နှစ်အရွယ် ပြင်သစ် ကွင်းလယ်ကစားသမားရဲ့ ပြောင်းရွှေ့ကြေးဟာ ခြေစွမ်းအပေါ် မူတည်ပြီး ပေါင် ၁၃ သန်းအထိ ပေးရမှာ ဖြစ်ပါတယ်။ ကာဘာရီဟာ ၂၀၁၁ ကနေ ၂၀၁၄ အထိ နယူးကာဆယ်အသင်းမှာ ကစားခဲ့ပြီး မနှစ်က ဘောလုံးရာသီမှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တာပါ။ ပီအက်စ်ဂျီမှာ ပုံမှန် ပွဲထွက်ကစားခွင့် မရတဲ့အတွက် ခရစ်စတယ်ပဲလေ့စ်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ သူဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၃၈ ပွဲ ကစားပေးထားပြီး ၃ ဂိုး သွင်းပေးထားပါတယ်။ ကာဘာရီရဲ့ အသင်းသစ် ခရစ်စတယ်ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီ အမှတ်ပေးဇယားမှာ အဆင့် ၁၀ နေရာက ရပ်တည်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up