Homeမြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်းကို အာမခံစပေါ်ငွေ ကျပ် ၅ ဘီလီယံ ပေးသွင်းပြီး တင်ဒါလျှောက်နိုင်
ရန်ကုန်မြို့သစ်စီမံကိန်းကို အာမခံစပေါ်ငွေ ကျပ် ၅ ဘီလီယံ ပေးသွင်းပြီး တင်ဒါလျှောက်နိုင်
DVB
·
July 13, 2015
ရန်ကုန်မြို့သစ်စီမံကိန်းကို လုပ်ကိုင်လိုတဲ့ မြန်မာနိုင်ငံသား developer တွေအနေနဲ့ တင်ဒါအာမခံ စပေါ်ငွေ ကျပ် ၅ ဘီလီယံ ပေးသွင်းပြီး အဆိုပြုလွှာတင်ဒါတွေကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။
မြို့သစ်စီမံကိန်းအတွက် ရန်ကုန်မြို့ရဲ့အနောက်ဘက်၊ ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ-တွံတေးကားလမ်းအကြားမြေနေရာတွေမှာ အကောင်အထည်ဖော်ဖို့ လျာထား ပါတယ်။
ဒါကြောင့် အဆိုပြုလွှာတင်ဒါတွေကို ဇူလိုင်လ ၂၁ ရက်နောက်ဆုံးထားပြီး ၀ယ်ယူနိုင်မှာဖြစ်သလို ပဏာမ ဖွင့်ဖောက်စိစစ်ခြင်းကိုတော့ သြဂုတ်လ ၁၈ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။