ဆောက်သမ်တန် ကွင်းလယ်လူ ရှနိုက်ဒါလင်းကို မန်ယူ ခေါ်

ဓာတ်ပုံ - ရိုက်တာ
1.5K
ဆောက်သမ်တန် ကွင်းလယ်လူ မော်ဂန် ရှနိုက်ဒါလင်းဟာ မန်ယူကို ပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်မှု ခံယူနေပါတယ်။
မန်ယူက ရှနိုက်ဒါလင်းကို ပေါင် ၂၅ သန်းပေးပြီး ခေါ်ယူနိုင်ခဲ့တာပါ။ အပြောင်းအရွှေ့ ဖြစ်မြောက်ကြောင်း ဆောက်သမ်တန်အသင်းကလည်း အတည်ပြုထားပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ မန်ယူရဲ့ ကမ်းလှမ်းချက်ကို ဆောက်သမ်တန်က ပယ်ချထားပါတယ်။
ရှနိုက်ဒါလင်းဟာ ဘိုင်ယန်မြူးနစ်က ပြောင်းလာတဲ့ ရှဝိန်းစတိုင်ဂါနဲ့အတူ မန်ယူအသင်းရဲ့ ရာသီအကြို အမေရိကန် ခြေစမ်းပွဲခရီးစဉ်မှာ လိုက်ပါနိုင်တော့မှာ ဖြစ်ပါတယ်။
မန်ယူဟာ သူတို့နှစ်ယောက်အပြင် အခု နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဗွီ တိုက်စစ်မှူး ဒီပေးနဲ့ တိုရီနို နောက်တန်းသမား ဒါမီရန်တို့ကိုလည်း ခေါ်ယူထားပါတယ်။
ရှနိုက်ဒါလင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဆောက်သမ်တန်အတွက် ပွဲပေါင်း ၃၀ ကစားပေးထားပါတယ်။