လီဗာပူး တိုက်စစ်မှူး စတာလင်း မန်စီးတီးသို့ ပြောင်းရွှေ့

ဓာတ်ပုံ - ရိုက်တာ
တိုက်စစ်မှူး စတာလင်းရဲ့ အပြောင်းအရွှေ့အတွက် လီဗာပူးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ သဘောတူညီချက် ရသွားပါတယ်။ လီဗာပူးက စတာလင်းကို ထုတ်ရောင်းဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းနဲ့ သဘောတူလိုက်တာပါ။ လောလောဆယ်မှာ စတာလင်းဟာ စာချုပ် အပြီးသတ် ညှိနှိုင်းဖို့နဲ့ ဆေးစစ်မှု ခံယူဖို့အတွက် လုပ်ဆောင်နေပါတယ်။ အခု ပြောင်းရွှေ့ကြေးဟာ အင်္ဂလိပ်ဘောလုံးသမားတွေထဲမှာတော့ ဈေးအကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အသက် ၂၀ အရွယ် တိုက်စစ်မှူးက အန်ဖီးလ်ကလပ်ကနေ ပြောင်းချင်ကြောင်း ပြောဆိုထားသလို မန်စီးတီးကလည်း ပြီးခဲ့တဲ့လထဲမှာ ၂ ကြိမ်အထိ ကမ်းလှမ်းထားပါတယ်။ အင်္ဂလန် တိုက်စစ်မှူး စတာလင်းရဲ့ လီဗာပူးနဲ့ စာချုပ်သက်တမ်းဟာ ၂၀၁၇ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး အသင်းက ၁ ပတ်ကို လုပ်ခလစာ ပေါင် ၁ သိန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကာယကံရှင်ကတော့ ပယ်ချခဲ့ပါတယ်။ သူဟာ အသင်းပြောင်းမယ်လို့ နည်းပြနဲ့ အမှုဆောင် အရာရှိချုပ်တို့ကို ပြောဆိုပြီး နောက်ပိုင်းမှာ ဝေဖန်မှုတွေ ခံနေရပါတယ်။ မေဂျာလိဂ်ကို ပြောင်းသွားတဲ့ စတီဗင် ဂျာရတ်ကလည်း စတာလင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ စိတ်ပျက်ကြောင်း ပြောဆိုထားပါတယ်။ လီဗာပူးမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာ ၃၅ ပွဲ ကစားခွင့် ရထားပြီး ၇ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up