A d v e r t i s e m e n t With Us

ထောင်ထဲရောက်သူတွေ အကုန်လုံး ပြန်လွတ်စေချင်တယ်

နိုင်ငံ​တော် ဆူပူ​အောင် လှုံ့​ဆော်မှုနဲ့​ တရား​စွဲခံရပြီး​ ပြီး​ခဲ့​တဲ့​ ၂ဝ၁ဝ ခုနှစ် ​ဖေ​ဖော်ဝါရီမှာ အင်း​စိန်​ထောင် ခရိုင်တရား​ရုံး​က​နေ အသင်း​အဖွဲ့​ပုဒ်မ ၅ဝ၅ (ခ) နဲ့​ ​ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့​ရတဲ့​ ​နော်အုန်း​လှ ​ မေ ၁၇ ရက် မှာ ပြန်လည်လွတ်​မြောက်လာပါတယ်။ ပြန်လွတ်​မြောက်လာတဲ့​ ​နော်အုန်း​လှကို ​မေး​မြန်း​ထား​ပါတယ်။ “အန်တီကို  ၂ နှစ်ချလိုက်တာ​ပေါ့​။ အဲဒီမှာ လ ၂ဝ ​လောက်​နေထား​ပြီး​ပြီ။ လွတ်ခါနီး​ဖြစ်​နေပြီ​ပေါ့​။ ဘာမှမကျန်​တော့​ဘူး​။ ၈ လပိုင်း​မှာလွတ်မယ်လို့​ သိထား​ပြီး​ပြီ။ အခုဆို လပိုင်း​ပဲ ကျန်​တော့​တယ်။” အန်တီအ​နေနဲ့​ အခုလိုလွတ်လာတဲ့​အတွက် ဘယ်လို​ပြောချင်လဲ။ “အခု ဒီလွတ်လာတာက ကိုယ်နဲ့​အတူတူ ​ထောင်ထဲ​ရောက်တဲ့​ လူ​တွေ အားလုံး​အတူတူ၊​ ကျန်ခဲ့​တဲ့​လူ​တွေလည်း​ လွတ်​စေချင်တာ​ပေါ့​။ ကို​ဇော်မင်း​တို့​ဆိုရင် ​ထောင်ထဲမှာ ကျန်ခဲ့​တာပဲ။ သူတို့​ဆိုရင် နှစ်ကြီး​တွေ ကျပြီး​တော့​ တနှစ်ပဲ​လျှော့​တော့​ ဘာမှမထူး​ဘူး​လေ။ ဒီလူ​တွေကို တကယ်တမ်း​ကျရင် လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​ရမှာ။ ဒီနှစ်ကြီး​တွေကို တနှစ်ပဲ​လျော့​တော့​ ဘာမှမထူး​ဘူး​။” အထဲမှာ​နေတုန်း​က ကျန်း​မာ​ရေး​အ​ခြေအ​နေ ဘယ်လိုရှိလဲ။ “ကျန်း​မာ​ရေး​က​တော့​ အရင်အတိုင်း​ပါပဲ။ ကျန်း​မာ​ရေး​ကလည်း​ နဂိုကတည်း​က အစာအိမ်ကရှိ​နေ​တော့​ ​ဆေး​သောက်​တော့​ ပုံမှန်ပဲ​ပေါ့​။ အခုလည်း​ ပုံမှန်ပဲ၊​ ​အောင့်​တဲ့​အခါ​အောင့်​တယ်။ မ​အောင့်​တဲ့​အခါ မ​အောင့်​ဘူး​။ တခြား​ကျန်း​မာ​ရေး​က နဂိုထဲကလည်း​ မရှိ​တော့​ ဘာမှလည်း​ မဖြစ်ဘူး​။” ထောင်ထဲမှာ ​နွေး​နွေး​ထွေး​ထွေး​ ဆက်ဆံခံရလား​။ “အန်တီတို့​က​တော့​ မရှိပါဘူး​။ ဘာလို့​လဲဆို​တော့​ ရှိတဲ့​ဝန်ထမ်း​တွေကလည်း​ အဲလို ဆက်ဆံဖို့​အ​ကြောင်း​ ကိုယ်​တွေကို မိသား​စုလို ဆက်ဆံတယ်။ သူတို့​လည်း​ ​ပြောတယ်။ ကျမတို့​ကလည်း​ အန်တီ​နော်တို့​ကို မိသား​စုလို ဆက်ဆံပါတယ်။ အန်တီတို့​ ဘာလုပ်ချင်တယ်ဆိုလည်း​ လုပ်​ပေး​တာပဲ။” လွတ်လာပြီဆို​တော့​ အ​တွေ့​အကြုံ​လေး​ ​ပြောပြပါဦး​။ “အခု ဒီလိုလွတ်​တော့​ နိုင်ငံ​တော်ရဲ့​ လွတ်ငြိမ်း​ချမ်း​သာလို့​ ​ပြော​ပေမယ့်​လို့​ တကယ့်​ အ​ရေး​ကြီး​တဲ့​ ပုဂ္ဂိုလ်​တွေ မလွတ်​တော့​ ဘယ်စိတ်​ကောင်း​မလဲ။ ၈၈ ​ကျောင်း​သား​တွေထဲကလည်း​ ဘယ်နှ​ယောက်လွတ်မလဲမ​ပြောတတ်​သေး​ဘူး​။ ဒါ​ပေမယ့်​ ဒီ​တောင်ငူ​ထောင်မှာ ရှိတာက ကို​ဇော်မင်း​တို့​ဆိုရင် မလွတ်​တော့​ နှစ်ကြီး​သမား​တွေ အများ​ကြီး​ကျန်ခဲ့​တယ်​လေ။ ၉ ​လေး​လုံး​အုပ်စု​တွေ ကျန်ခဲ့​တယ်။ ၁၇/၁ဆိုရင် အမျိုး​သမီး​ဆောင်မှာဆိုရင် ၆ ​ယောက်​လောက် ကျန်ခဲ့​တယ်။ ၁၇-၁၊​ ၁၇-၂၊​ ၁၇-၃၊​ ၆ ​ယောက်​လောက်ကျန်ခဲ့​တယ်။ သူတို့​မိသား​စု​တွေက ​ဝေး​တော့​မလာနိုင်ဘူး​။ စီး​ပွား​ရေး​ကြောင့်​ တချို့​မလာနိုင်ဘူး​။ ​လေး​ငါး​ခြောက်လ တခါ​တောင် မလာနိုင်ဘူး​။ သူတို့​စီမှာ​တော့​ အခက်အခဲ ရှိတာ​ပေါ့​။ ​ထောင်ထဲမှာ ​နေတဲ့​အခါကျ​တော့​ ဒီ​ထောင်ပုံစံပဲ ​ရေရှည်မှာ မစား​နိုင်ကြဘူး​။ ​ထောင်ဝင်စာလာမှသာလျှင် အဆင်​ပြေတာ​ပေါ့​။ ​ထောင်ဝင်စာ မရှိရင် ​ထောင်ထဲမှာ ပဲဟင်း​ရေပဲ ​နေ့​တိုင်း​စား​တော့​ ကြာ​တော့​ ကျန်း​မာ​ရေး​ထိခိုက်တာ​ပေါ့​။ ပုံမှန်စား​နိုင်ရင်​တော့​ ပြဿနာမရှိဘူး​။ မစား​နိုင်တဲ့​လူ​တော့​ ပြဿနာရှိတယ်။ ဒီတစ်ရက်၊​ နှစ်ရက်ဆိုရင် သူတို့​လည်း​ခံစား​ရမှာ။ ၁၇-၁၊​ ၁၇-၂ ထဲက တ​ယောက်က ဂနှစ်ကျတာ။ တနှစ်​လျော့​တော့​ ရနှစ်ကျန်မယ်။ သူတို့​လျော့​ရက်မ​ပေး​တော့​ ၅ နှစ်​နေသား​ရှိပြီ။ သူတို့​ဆို မလွတ်​တော့​ ခံစား​ရတာ​ပေါ့​။” အဲဒီ အမျိုး​သမီး​တွေက ဘယ်သူ​တွေလဲ အန်တီနာမည်မှတ်မိလား​။ ​ပြောပြ​ပေး​ပါလား​။ “ကရင်​တွေထဲကပဲ။ တ​ယောက်က မွတ်စလင်ထဲကပဲ။ တ​ယောက်က​တော့​ မဖြူ၊​ ​နောက်တ​ယောက်က ​နော်ပိပိရယ်။ ​နော်ရိုစလင်း​ဘီ၊​ ​နော်ချိုချို​အေး​၊​ ​နော်လား​၊​ ​နော်ခင်ဦး​။ သူတို့​က​တော့​ ၁၇(၁)(၂)(၃)​တွေ။ ၁၇(၁)ဆို ၃ နှစ်ချတယ်။ တချို့​ဆို တကျွန်း​တွေကျတာ။ မဖြူဆိုရင် ၂၈ နှစ်။ ပိပိနဲ့​ ရိုစလင်း​က ၈ နှစ်စီ။ ​နော်လား​နဲ့​ ​နော်ခင်ဦး​က ၃ နှစ်စီ။ သူတို့​က အမျိုး​သမီး​ဆောင်မှာကျန်ခဲ့​တယ်။ စိတ်မ​ကောင်း​တာက ပိပိက ​ထောင်ထဲမှာ က​လေး​တ​ယောက်​မွေး​တယ်။ ဖမ်း​တော့​ ကိုယ်ဝန်ပါလာ​တော့​ ​ထောင်ထဲမှာ ​မွေး​သွား​တယ်။ က​လေး​က ၄ နှစ်​လောက်ရှိပြီ။ သူပုန်ကို ဝက်သား​ဟင်း​ချက်​ကျွေး​လို့​ ဆိုပြီး​တော့​ သူ​ပြောပြတယ်။ သူ့​ယောကျာ်း​က လယ်ထဲက ပြန်လာ​တော့​ ဝက်သား​တခါစား​ပြီး​ မတန်ဘူး​တဲ့​။ သူ့​ယောကျာ်း​က အမြဲ​ပြောတယ်။ သူ့​ယောကျာ်း​ကလည်း​ ၈ နှစ်​ပေါ့​။ ဆက်သွယ်အား​ပေး​ပေါ့​။ ရိုစလင်း​က​တော့​ ၈ နှစ်။ သူက​တော့​ ဟိုက​နေပြန်လာ​တော့​ အမျိုး​သမီး​အဖွဲ့​တွေနဲ့​ ​တွေ့​ဖူး​တယ်​ပြောတယ်။” တခြား​အ​နေနဲ့​ကော အန်တီ ဘာ​ပြောချင်တာရှိဦး​မလဲ။ “နိုင်ငံလွတ်ငြိမ်း​ချမ်း​သာလို့​ပြောပြီး​ အ​ရေး​ကြီး​တဲ့​ လူ​တွေမလွတ်တဲ့​သူ​တွေ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ လွတ်မလွတ်​တော့​ မသိဘူး​။ ဒီပုံစံနဲ့​ဆို လွတ်မယ့်​ပုံမ​ပေါ်ဘူး​။ တနှစ်ပဲ​လျှော့​လာ​တော့​ အန်တီတို့​ တကယ်စိတ်မ​ကောင်း​ဘူး​။ တိုင်း​ရင်း​သား​စည်း​လုံး​ ညီညွတ်​ရေး​ လုပ်မယ်ဆိုရင် တိုင်း​ရင်း​သား​တွေကို လွှတ်​ပေး​သင့်​တယ်။ လွတ်ငြိမ်း​ချမ်း​သာ​ပေး​တယ်ဆိုရင် ဒါ​တွေကို ​လျှော့​ပေး​စရာပဲ။ အခု​လျှော့​ရက်ဆိုတာ တနှစ်မှာ အထူး​လျှော့​ရက်​လောက်ပဲ ရှိတယ်။ သိပ်ပြီး​တော့​ မထူး​ခြား​တဲ့​သ​ဘော​ပေါ့​။ ဒီလုပ်ရပ်က အန်တီတို့​ ကြည့်​ရတာ သိပ်အဆင်မ​ပြေဘူး​။ ​ထောင်ထဲမှာ လူ​တွေက သိပ်မ​ကျေနပ်တာလည်း​ ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up