A d v e r t i s e m e n t With Us

ဝင်ဘယ်ဒန် အမျိုးသမီးတင်းနစ် စရီနာ ဗိုလ်စွဲ (ရုပ်သံ)

လန်ဒန်မှာ ဇူလိုင် ၁၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ၀င်ဘယ်ဒန် အမျိုးသမီးတဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စရီနာ ၀ီလျံစ်က ဂါဘီ မူဂရူဆာကို အနိုင်ရသွားပါတယ်။ ကမ္ဘာ့နံပါတ် ၁ စရီနာဟာ ၀င်ဘယ်ဒန် ဂရန်းစလန်း ချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူနိုင်တာပါ။ အသက် ၃၃ နှစ်အရွယ် အမေရိကန်သူ စရီနာဟာ အဆင့် ၂၀ ဖြစ်တဲ့ စပိန်က မူဂရူဆာကို ၂ ပွဲစလုံးမှာ ၆ - ၄ နဲ့ အနိုင်ရ သွားတာပါ။ အသက် ၂၁ နှစ်အရွယ် မူဂရူဆာဟာ  ပထမဆုံးအကြိမ်အဖြစ် ဂရန်းစလန်း ဗိုလ်လုပွဲကို ကစားဖူးတာ ဖြစ်ပြီး အတွေ့အကြုံပိုင်းမှာ မယှဉ်နိုင် ဖြစ်ခဲ့သလို ရိုက်ချက်တွေလည်း အမှားအယွင်း များခဲ့ပါတယ်။ စရီနာက ဖိုးအန်းနဲ့ ဘက်ဟမ်း ရိုက်ချက်တွေကနေ ဦးဆောင် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ၀င်ဘယ်ဒန် ချန်ပီယံ စရီနာဟာ ဂရန်းစလန်း ဆုဖလား ၄ ခုစလုံးကို ရယူနိုင်တဲ့ သူအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up