Home
ကျန်းမာရေး
တောင်ကုတ်-မအီတွင် ကားမှောက်၊ နှစ်ဦး သေဆုံး
DVB
·
May 24, 2011
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နဲ့ မအီမြို့ ကားလမ်းပိုင်းမှာ မနေ့ နေ့လယ် ၁ နာရီခန့်က ခရီးသည်ကားတစီး လမ်းချော်တိမ်းမှောက် ရေနစ်ပြီး  အဘွားအိုတဦးနဲ့ အသက် ၃ဝ အရွယ် လူငယ်တဦး သေဆုံးခဲ့သလို လူ ၆ ဦး တောင်ကုတ် ဆေးရုံ တင်ပို့ခဲ့ရပါတယ်။ကုန်တွေပါတင်ထားတဲ့ ခရီးသည်ကားဟာ လမ်းချော်ပြီး တံတားအောက်ကို ကျသွားခဲ့ပြီး ကားပေါ်ပါသူတွေ ရေမြုပ်ပြီး ကားပေါ်တင်လာတဲ့ ဆန်အိတ်ပိလို့ သေဆုံးရတာလို့ ဒေသခံတဦးက ပြောပါတယ်။ “တံတားလေးကနေ ဆင်းသွားတာပါ။ ညတုန်းက မိုးတွေရွာထားတော့ တံတားအောက်မှာရေရှိတော့ ဘီးတွေက အပေါ်တင်နေပြီး ခေါင်မိုးက ရေအောက်မြုပ်နေတော့ ရေမွန်းပြီး သေဆုံးသွားတာပါ။ ကားပေါ်က ဆန်အိတ်တွေပိလို့ သေသွားတာပါ။ ဒီလမ်းကြောမှာတော့ ကားတွေက မကြာခနမှောက်နေတယ်။ လမ်းတွေက သိပ်မကောင်းဘူး။” ကုန်ကျစရိတ်ကာမိဖို့အတွက် တောင်ကုတ်-မအီလမ်း၊ တောင်ကုတ်-ကျောက်ဖြူလမ်းပိုင်းတွေမှာ ခရီးသည်တင်ကားတွေဟာ ခရီးသည်တွေသာမက ကုန်ပစ္စည်းတွေပါတင်နေကြတယ်လို့ ဒေသခံက ပြောဆိုတယ်။ “ဒီမှာက ဂိတ်တွေမှာ ကားဖြတ်ကြေးတင်မကဘူး ဂိတ်ကြေးတွေက ဂိတ်တိုင်းပေးနေရတယ်။ ဂိတ်ကြေးတွေပေးရတော့ ကားသမားတွေက ခရီးသည်တွေစီကအပြင် ငွေရဖို့အတွက် ကုန်စည်တွေပါ လောဘတကြီး တင်နေတာတွေ့ရတယ်။ စပါးအိတ်တွေ ဆန်အိတ်တွေ သစ်တွေ ရသလို တင်နေတယ်။ ခရီးသည်တွေမှာလည်း အတင်အချလုပ်တာတွေ စောင့်ရတဲ့အခက်အခဲတွေ အများကြီးရှိပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024