A d v e r t i s e m e n t With Us

စတုတ်စီးတီး ဂိုးသမား ဘီဂိုဗစ်ကို ချဲလ်ဆီး ခေါ်ယူ

ချဲလ်ဆီးအသင်းက ဂိုးသမား ဘီဂိုဗစ်ကို စတုတ်စီးတီးအသင်းကနေ ခေါ်ယူလိုက်ပါတယ်။ အာဆင်နယ်ကို အသင်းပြောင်းသွားတဲ့ ဂိုးသမား ပီတာချက်ရဲ့ နေရာမှာ အစားထိုးဖို့ စတန်းဖို့ဘရစ်ခ်ျအသင်းက ခေါ်ယူလိုက်တာပါ။ ဗြိတိသျှ မီဒီယာတွေမှာတော့ ဂိုးသမား ဘီဂိုဗစ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၈ သန်းလောက် ပေးရလိမ့်မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ စတုတ်စီးတီးအသင်းကတော့ ရောင်းထုတ်လိုက်တဲ့ ဂိုးသမား ဘီဂိုဗစ် နေရာမှာ အစားထိုးဖို့ အက်စတွန်ဗီလာအသင်းက အသက် ၃၉ နှစ်အရွယ် ဂိုးသမားကြီး ရှေ ဂစ်ဗင်ကို ၀ယ်ယူထားပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘော့စနီယား ဟာဇီဂိုးဗီးနား လက်ရွေးစင် ဂိုးသမား ဘီဂိုဗစ်ဟာ ချဲလ်ဆီးမှာ ပုံမှန်ပွဲထွက် ကစားခွင့် ရဖို့အတွက် လက်ရှိ ဂိုးသမား ကော်တွိုက်စ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up