သွား၏ အပေါ်ယံကြွေသားကို မထိခိုက်စေသည့် အရောင်မဲ့ကော်ဖီ










1.8K
ဆလိုဗေးနီးယား လူမျိုး လုပ်ငန်းရှင် တဦးက အရောင်အဆင်းမဲ့တဲ့ ကော်ဖီနဲ့ အဖျော်ယမကာဈေးကွက်မှာ အကြီးစား လိုင်းသစ်တစ်ခု တွေ့ သွားပြီလို့ ယူဆထားပါတယ်။
ဆလိုဗေးနီးယား အရှေ့ပိုင်းက ဒေးဗစ်နာဂျီဟာ ရိုးရာကော်ဖီရဲ့ အနံ့ အရသာမရှိပေမယ့် သွားတွေအရောင် ပြောင်းမှာစိုးရိမ်တဲ့ ဖောက်သည်တွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
"လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကော်ဖီသန့်သန့်လေး တစ်ခွက် ဖျော်မယ်ဆိုတဲ့ စိတ်ကူးတစ်ခု ရခဲ့တာပါ။ စိတ်ကူးရတဲ့အကြောင်းက သွားကို စွန်းထင်စေမယ့် အရောင်ကို ပယ်ဖျက်ဖို့ပါ။" လို့ နာဂီက ပြောပါတယ်။
တကယ်တော့ နာဂျီကိုယ်တိုင်က ကော်ဖီကို စွဲစွဲမြဲမြဲ သောက်ပေမယ့် သွားအရောင်ပြောင်းမှာကြောက်ပြီး သွားဖြူစေမယ့် နည်းကို လိုက်ရှာနေတဲ့သူလည်း ဖြစ်ပါတယ်။
နက်ဂျီကတော့ ဒီကော်ဖီရဲ့ဖျော်စပ်ပုံကိုက တခြားစွမ်းအားဖြည့်အချိုရည်တွေနဲ့ လုံးလုံး ကွာခြားသွားတဲ့အချက်ပဲဆိုတာ နာဂျီက ယုံကြည်နေပါတယ်။
"ကော်ဖီသန့်မှာ လှော်ထားတဲ့ကော်ဖီစေ့တွေရယ် သောက်ရေရယ် ကော်ဖီစေ့ကနေ သဘာဝအတိုင်းထုတ်ယူထားတဲ့ ကဖိန်းဓာတ်ရယ်ပါပါတယ်။ ဒါပေမယ့် မပုပ်မသိုးအောင် တာရှည်ခံ အောင်ထိန်းတဲ့ဆေးတွေ၊ သကြားတွေ၊ အနံ့ အရသာဖြည့်မယ့်ပစ္စည်းတွေ မသုံးထားပါဘူး။"လို့ နက်ဂျီ က ရှင်းပြပါတယ်။
အရည်အသွေးမြင့် အာရပ်ကော်ဖီစေ့တွေသုံးထားတယ်ဆိုတာကလွဲလို့ ဒီကော်ဖီဖျော်စပ်ပုံကို လုံးဝ လျှို့ဝှက်ထားတယ်လို့ နက်ဂျီ ကဆိုပါတယ်။
အရသာ ပေါ့ပေါ့နဲ့ လတ်ဆတ်ပြီး အအေးခံထားတဲ့ကော်ဖီအဖြစ် ဒီဖျော် ရည်ကို ဈေးကွက်မှာဖြန့်ချိနေပါပြီ။ အရေးကြီးဆုံးကတော့ စားသုံးသူတွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ပါ။
ကော့ဆစ်မြိုက သူ့ကော်ဖီဆိုင်မဟုတ်တဲ့ ပြင်ပမှာ ပထမဆုံး အကြိမ် စသောက်လိုက်ချိန်မှာ သိပ်ကိုသတိထားရမယ့် အကောင်းဆုံးကော်ဖီပဲလို့ ဘာရစ်စတာဂျိုးဇပ်ဖ်နဲမသ် ကတော့သြချခဲ့ပါတယ်။
"မျက်လုံးမှိတ်ပြီး သောက်ကြည့်လိုက်တော့ အရသာက တကယ့်ကော်ဖီအတိုင်းပဲ။ အပ်စ်ပရက် ကော်ဖီအေးလေး အတိုင်းပဲ။ ထူးဆန်းတာက လူတိုင်းက မူလ အရောင်နဲ့ အရသာမှန်တဲ့ကော်ဖီနဲ့သာ အသားကျနေတာလေ။ အခု ဒီကော်ဖီမှာ အဲဒါတွေမပါဘူး။ ဒါပေမယ့် မဆိုးပါဘူး။ သိပ်ကို လန်းဆန်းသွားစေမယ့် ကော်ဖီပဲလို့ ဆိုချင်ပါတယ်။" နဲမသ်က ဆိုပါတယ်။
တီထွင်ထားတဲ့ကော်ဖီကိုရောင်းအားမြှင့်ဖို့တစ်ချိန်လုံးကြိုးစားနေတဲ့ နက်ဂျီရဲ့ နောက်ခြေလှမ်းကတော့ ဓာတုပစ္စည်းနဲ့ အရသာကိုအစစ်ဆေးခံပြီး ရောင်းချခွင့်လိုင်စင် လျှောက်ထားဖို့ပဲဖြစ်ပါတယ်။
စီစဉ်ထားတဲ့အတိုင်းသာဖြစ်ရင်တော့ ပလတ်စတစ်ပုလင်းတွေနဲ့ စတိုးတွေ ကော်ဖီဆိုင်တွေမှာ ဖြန့်ချိသွားမှာဖြစ်ပြီး တပုလင်းကို ၂ ယူရိုနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
ဒီကော်ဖီ သက်တမ်းကိုလည်း ၂ လကနေ နှစ်ဝက်ထိ တာရှည်ခံအောင် ဆွဲဆန့်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။