တရုတ်နိုင်ငံအရှေ့ပိုင်းတွင် တိုင်ဖုန်းမုန်ုတိုင်း ၀င်ရောက် (ရုပ်သံ)

777
တိုက်ဖုန်းမုန်တိုင်း ချန်ဟွမ်းဟာ ဇူလိုင် ၁၁ မွန်းလွဲပိုင်း ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်အချိန်မှာ တရုတ်ပြည် အရှေ့ပိုင်းက ဇီကျန်း ပြည်နယ်ထဲက ဇူရှန်းမြို့ အရှေ့တာင် ကမ်းရိုးတန်းကို ၀င်ရောက်သွားပါတယ်။
လေတိုက်နှုန်း ၁ နာရီ ၁၃၅ ကနေ ၁၅၇ ကြား ရှိခဲ့ပြီး မိုးရေချိန် ၁ နာရီ ၃၀ မီလီမီတာကို အထိ ရွာသွန်းပါတယ်။ မိုးသည်းထန်တာကြောင့် နင်ဂိုင်း အုပ်ချုပ်နယ်မြေထဲက ဥယျာဉ်ခြံတွေ၊ အနိမ့်ပိုင်းဒေသတွေမှာ ရေလွှမ်းခဲ့ပါတယ်။
မြို့ကို ဖြတ်သန်းတဲ့ ရထားခရီးစဉ်၊ လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပြီး သင်္ဘောအစင်း ၂၉၀၀၀ ကိုလည်း ကမ်းကပ်ခိုင်းခဲ့ရတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။
ဒေသထဲက လျှပ်စစ်ဓာတ်အားပေးလိုင်း တချို့လည်း မိုးကြောင့် ပြတ်တောက်ခဲ့ပါတယ်။
မုန်ုတိုင်းအရှိန်ကြောင့် ဇီကျန်းပြည်နယ်၊ ရှန်ဟိုင်းပြည်နယ်၊ အန်ဟွိုင်းပြည်နယ်၊ ဖူဂျီယန် ပြည်နယ်၊ ထိုင်ဝမ်တို့မှာ မိုးသည်းထန်မယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။
ဇီကျန်းပြည်နယ်ထဲက ကမ်းခြေမြို့တွေမှာ လမ်းဘေးတလျှေက် သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်ခဲ့တယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။
မုန်တိုင်းအကြိုကာလမှာကတည်းက လူဦးရေ ၈၆၅၀၀၀ ကို ဘေးလွှတ်ရာ ပြောင်းရွှေ့ပေးထားခဲ့တယ်လို့ စီစီတီဗွီသတင်းက ဆိုပါတယ်။
ဒီရာသီဟာ တောင်တရုတ် ပင်လယ်ပြင်မှာ တိုက်ဖုန်းမုန်တိုင်းတွေ ပုံမှန် ဖြစ်ပေါ်လေ့ရှိပါတယ်။
ဇူလိုင် ၉ ရက်နေ့ကလည်း လီဖာ တိုက်ဖုန်းမုန်တိုင်းဟာ တောင်ပိုင်းက ဂွမ်းဒေါင်း ပြည်နယ် ကုန်းတွင်းပိုင်းကို ၀င်ရောက်ခဲ့ပြီး လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။