A d v e r t i s e m e n t With Us

ကလေးစစ်သား အရေး လေ့လာရန် ကုလကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခရေးရာ အထူးကိုယ်စားလှယ် Leila Zerrougui ဟာ မြန်မာနိုင်ငံကို ဇူလိုင် ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ အထူးကိုယ်စားလှယ်ဟာ  ဇူလိုင် ၁၇ ရက်နေ့အထိ ရှိနေမှာ ဖြစ်ပြီး မြန်မာအစိုးရ ၂၀၁၂ က လက်မှတ်ရေးထိုးထားတဲ့ ကလေးစစ်သား စုဆောင်မှု အဆုံးသတ်ရေးကို ဘယ်လောက်အထိ လုပ်ဆောင်နိုင်သလဲ ဆိုတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးငယ်တွေ ဘယ်လို ဒုက္ခရောက်ရတယ်ဆိုတဲ့ အခြေအနေတွေကို လေ့လာဖို့ လာရောက်တာလို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ မြစ်ကြီးနားတို့ကိုလည်း သွားရောက်ပြီး မြန်မာအာဏာပိုင်တွေ၊ ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာပါ။ ဒါ့အပြင်  လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်နွှယ်ခဲ့ဖူးတဲ့  ကလေးသူငယ်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ရန်ကုန် ယူနီဆက်ဖ်ရုံးမှာ ဇူလိုင် ၁၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့  ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up