A d v e r t i s e m e n t With Us

ဂျာမနီအလယ်တန်းလူ ရှဝိန်းစတိုင်ဂါကို မန်ယူ ခေါ်ယူ

အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းက ဂျာမနီအလယ်တန်းလူ ဘတ်စတီယန် ရှဝိန်းစတိုင်ဂါကို လတ်မှတ်ရေးထိုး ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ လောလောဆယ်မှာ ရှဝိန်းစတိုင်ဂါဟာ မန်ယူအသင်းမှာ ဆေးစစ်မှု ခံယူနေပါတယ်။ ဂျာမနီ ဘွန်ဒစ်လီဂါ ဘိုင်ယန်မြူနစ်ကလပ်က အသက် ၃၀ အရွယ် စတိုင်ဂါက ၂၀၁၆ သက်တမ်းရှိ စာချုပ်ကို သက်တမ်းမတိုးချင်ဘူးလို့ ပြောဆိုထားပါတယ်။ ၂၀၀၂ ခုနှစ် ဘိုင်ယန်မှာ စတင်ကစားခဲ့ပြီးနောက် အသင်းအတွက် ၅၃၆ ပွဲကို စတိုင်ဂါက ကစားပေးထားပါတယ်။ စတိုင်ဂါဟာ စပိန် ရီးရဲမက်ဒရစ်က နောက်ခံလူ ဆာဂျီယို ရာမိုစ်နဲ့ အတူ မန်ယူရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မန်ယူက တောင်ပံတိုက်စစ်မှူး ဒီပေးကို ခေါ်ယူထားသလို အီတလီ ခံစစ်မှူး မက်သီယို ဒါမီယန်ကို ပေါင် ၁၃ သန်းတန်နဲ့ ခေါ်ယူဖို့ ဆေးစစ်တာတွေ လုပ်ဆောင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up