ကိုယ်စားလှယ်လောင်းရွေးမည့်မူ သူရဦးရွှေမန်း ထုတ်ပြော
DVB
·
July 11, 2015
ပါတီရဲ့ မူဝါဒအရ ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းတွေဟာ တည်ကြည်ဖြောင့်မတ်ပြီး စိတ်ရင်းစေတနာကောင်းသူ၊ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ပြီး အများအကျိုးလုပ်ဆောင်လိုသူတွေကိုပဲ ရွေးချယ်တာဝန်ပေးမယ်လို့ ဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။
ဇူလိုင် ၁၁ ရက်က နေပြည်တော်ပါတီဌာနချုပ်မှာလုပ်တဲ့ ပါတီစည်းဝေးပွဲမှာ သူက ခုလို တိုက်တွန်းပြောဆိုခဲ့တာပါ။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများအနေနဲ့ ဥပဒေ စည်းမျဉ်းကျင့်ဝတ်များနဲ့အညီ ယှဉ်ပြိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးမှာ တတပ်တအား ပါဝင်ကြဖို့လည်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
အာဏာရပါတီအတွင်း ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်လို့ ပြင်ပမှာ ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေပြီး လာမယ့် ဇူလိုင် ၁၃ ရက်နေ့မှာ ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်း ကြေညာဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။