A d v e r t i s e m e n t With Us

သတိပေးချက် ထုတ်ပြန်မှုကြောင့် တူနီးရှားရောက် ဗြိတိန် နိုင်ငံသားများ ပြန်တော်ပြန်

တူနီးရှားကို အပျော်ခရီးထွက်သွားတဲ့ ဗြိတိန်နိုင်ငံသားတွေဟာ တူနီးရှားမှာ နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့  ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ သတိပေးချက် ထုတ်ပြန်အပြီးမှာ အသီးသီး ပြည်တော် ပြန်နေကြပါတယ်။ သောမက်ကွခ် (Thomas Cook)  ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းက စီစဉ်ပေးတဲ့ လေယာဉ်နဲ့ မန်ချက်စတာ လေဆိပ်ကို ပြန်ဝင်လာတဲ့ တိုးရစ်တွေက နိုင်ငံခြားရေးဌာနရဲ့ အကြံပေးချက်အတိုင်း လိုက်လုပ်ရတာ မပျော်ရွှင်နိုင်ကြပါဘူး။ “သွားပြီးမှ ပြန်လာခိုင်းတာထက် မသွားခင်က ကြိုတင်သတိပေးဖို့ ကောင်းတယ်” လို့ စကော့တလန် နယ်သား လင်းဆေး မက္ကသီက  မကျေမနပ် ပြောပါတယ်။ ဒီလို အခြေအနေတွေကြောင့် တူနီးရှားနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့ဖို့ မျှော်လင့်ချက် ပိုဝေးသွားပြီလို့ တူနီးရှား သံအမတ်ကြီးက ပြောပါတယ်။ အကျိုးဆက်အဖြစ် တူးနီးရှားမှာ အခြေအနေတွေ ပိုဆိုးသွားနိုင်တယ်လို့ ဗြိတိန်နိုင်ငံသားတဦးက ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ တူနီးရှား စီးပွားရေးတခုလုံးရဲ့ ၇ ရာခိုင်နှုန်းရှိပြီး အဓိက နိုင်ငံခြားငွေ ၀င်ပေါက်လည်းဖြစ်ပါတယ်။ မြောက်အာဖရိကဒေသ ခရီးစဉ်တွေကို ၀န်ဆောင်မှုပေးနေတဲ့ နာမည်ကြီး သောမက် ကွခ် ကုမ္ပဏီနဲ့ တီယူအိုင် ကုမ္ပဏီတို့ကလည်း တူနီးရှား ခရီးစဉ်တွေကို အောက်တိုဘာအထိ လက်ခံတော့မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။ သောမက် ကွခ်အဖွဲ့ရဲ့ ဇူလိုင် ၉ ရက်နေ့ ထုတ်ပြန်ချက်အရ တူနီးရှားမှာ ရောက်နေတဲ့ ဗြိတိသျလူမျိုးနဲ့ အိုင်ရစ် လူမျိုး ၂၀၀၀ ကို လေယာဉ် ၁၀ စင်းနဲ့ ဒီတပတ်အကုန်မှာ ပြန်ခေါ်မယ်လို့ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က တူနီးရှား ကမ်းခြေဟိုတယ်တလုံးကို သေနတ်သမားတယောက်က ၀င်ပစ်လို့ လူ ၃၈ ယောက် သေဆုံးခဲ့တဲ့အထဲမှာ ဗြိတိန် နိုင်ငံသား ၃၀ ပါဝင်ပါတယ်။ မတ်လတုန်းကလည်း မြို့တော် တူနစ်မြို့က ပြတိုက်ကို သေနတ်သမား ၂ ယောက် ၀င်ပစ်ခဲ့တုန်းကလည်း နိုင်ငံခြားသား ၂၁ ယောက်အပါအ၀င် ၂၄ ယောက် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up