ဘင်္ဂလားဒေ့ရှ် အ၀တ်အစားပေးလှူပွဲ တိုးကြိတ်နင်းမိမှုကြောင့် ၂၃ ဦး သေဆုံး

1.3K
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းက မိုင်မန်ဆင်း Mymensinghon မြို့ ရာမဒါန်ဥပုသ်လ အ၀တ်အစားပေးလှူပွဲတခုမှာ ဇူလိုင် ၁၀ ရက်နေ့က လူတွေတိုးကြိတ်နင်းမိတာကြောင့် လူအနည်းဆုံး ၂၃ ဦး သေဆုံးခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မနက် ၅ နာရီ အ၀တ်အစားတွေပေးဝေတဲ့ ဆေးရွက်ကြီး စက်ရုံဂိတ်ပေါက်ဖွင့်တဲ့အချိန်မှာ လူတွေ ၀ိုင်းပြုံတိုးကြရင်း အခုလိုသေဆုံးရတာလို့ ရဲတပ်ဖွဲ့က ပြောဆိုပြီး လူအယောက် ၅၀ လည်း ထိခိုက်ဒဏ်ရရခဲ့ကြပါတယ်။ စက်ရုံပိုင်ရှင်အပါအ၀င် လူ ၇ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုလိုရာမဒန် မွတ်စလင်ဥပုသ်လမှာ ချမ်းသာကြွယ်ဝသူတွေက ဆင်းရဲသူတွေကို အခုလိုအ၀တ်အထည်တွေ ပေးဝေလေ့ရှိတာပါ။
အ၀တ်အစားတွေ အခမဲ့ပေးဝေတဲ့ မနက်က အ၀တ်အစားတွေရဖို့ စောင့်ဆိုင်းကြသူ အယောက် ၁၅၀၀ လောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူအများစုဟာ အင်အားချည့်နဲ့သူ ဆင်းရဲသူအမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ရဲကပြောဆိုပါတယ်။ နောက်ထပ်သေဆုံးသူဦးရေ ထပ်တိုးလာနိုင်တယ်လို့လည်း ရဲတပ်ဖွဲက ပြောဆိုပါတယ်။