အင်ဒိုတွင် သေဒဏ်ကျ ဖိလစ်ပိုင်သူကို လက်ဝှေ့အကျော်အမော် ပက်ကွီရို တွေ့ဆုံ

3.8K
အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ချခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသူကို ကမ္ဘာကျော် ဖိလစ်ပိုင် လက်ဝှေ့ချန်ပီယံ မန်နီ ပက်ကွီရို (Manny Pacquiao) က အကျဉ်းထောင်မှာ ဇူလိုင် ၁၀ ရက်နေ့က သွားရောက်တွေ့ဆုံပါတယ်။
ဖိလစ်ပိုင်နိုင်ငံသူ မယ်ရီဂျိမ်း ဗလ်လိုဆိုဟာ (Mary Jane Veloso) မူးယစ်ဆေးဝါး ၂.၆ ကီလို အင်ဒိုနီးရှားနိုင်ငံထဲ ခိုးသွင်းမှုနဲ့ သေဒဏ်ချခံထားရပြီး သူ့ရဲ့သေဒဏ်အပေါ် လူတွေ ပိုမိုအာရုံစိုက်မှုရရှိဖို့နဲ့ သေဒဏ်ကို ပြောင်းလဲသတ်မှတ်ပေးဖို့ မျှော်လင့်ချက်နဲ့ သွားရောက်တွေ့ဆုံခဲ့တာလို့ ပြောဆိုပါတယ်။
[caption id="attachment_102197" align="aligncenter" width="599"]
ပက်ကွီရိုနှင့် ဗလ်လိုဆို[/caption]
ပက်ကွီရိုနဲ့ ဗလ်လိုဆိုတို့ အကျဉ်းထောင်အတွင်း အတူ ဘုရားဝတ်ပြုခဲ့ကြပြီး ဗလ်လိုဆိုရဲ့တောင်းဆိုမှုကို အင်ဒိုနီးရှားအစိုးရက လိုက်လျောပေးလိမ့်မယ်လို့ မျှော်လင့်တယ်ကြောင်း ပက်ကွီရိုက ပြောဆိုပါတယ်။
ဗလ်လိုဆိုဟာ ပြီးခဲ့တဲ့ ဧပြီလ တခြားနိုင်ငံခြားသား မူးယစ်တရားခံတွေနဲ့အတူ ကွပ်မျက်ခံရဖို့ ဖြစ်ပေမယ့် နောက်ဆုံးအချိန်မှကပ်ပြီး အယူခံဝင်နိုင်ခဲ့တာပါ။
သူ့ကို မူးယစ်ဆေးဝါးခိုးသွင်းဖို့ တခြားသူတွေရဲ့ စည်းရုံးသိမ်းသွင်းခံရတယ်လို့ သူ့ရဲ့ရှေ့နေတွေက ဆိုပါတယ်။ ဒါကို အထောက်အထားနဲ့တကွ ပြန်လျှောက်ထားခွင့်ပေးဖို့ အင်ဒိုသမ္မတ ၀ီဒိုဒိုကို မေတ္တာရပ်ခံတောင်းဆိုခဲ့တာပါ။
ပက်ကွီရိုဟာ ဇူလိုင် ၁၀ ရက်နေ့မှာ အင်ဒိုလွှတ်တော်အမတ်တွေနဲ့ တဆက်တည်း တွေ့ဆုံပြီး ဗလ်လိုဆိုရဲ့ သေဒဏ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါး အတင်းကျပ်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
အင်ဒိုသမ္မတ ၀ီဒိုဒိုဟာ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုပဲ အလျော့မပေးဘဲ ပြတ်ပြတ်သားသား ကိုင်တွယ်သူဖြစ်ပါတယ်။
မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ချခံရတဲ့ နိုင်ငံခြားသားတွေက သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေက သေဒဏ်ကို လျော့ပေါ့ပေးဖို့ မေတ္တာရပ်ခံတောင်းခံမှုတွေကို ဘယ်လိုတောင်းဆိုပေမယ့်လည်း လက်ခံစဉ်စားခြင်းမရှိပါဘူး။
အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ကို ၅ နှစ်ကြာရပ်ဆိုင်းပြီးနောက် အခုနှစ်အတွင်း ပြန်လည်ကျင့်သုံးခဲ့တာဖြစ်ပြီး မူးယစ်တရားခံ ၁၄ ဦးကို ကွပ်မျက်ခဲ့ပြီးဖြစ်ပါတယ်။ ကွပ်မျက်ခံရသူ အများစုဟာလည်’ နိုင်ငံခြားသားတွေဖြစ်ကြပါတယ်။
