တိုက်စစ်မှူးမရှိခြင်း ပြဿ နာဖြစ်ဟု မန်ယူ နည်းပြဗန်ဂါး ပြော

916
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ လူးဝစ် ဗန်ဂါးက တိုက်စစ်မှူး မရှိတာဟာ ပြဿနာ လို့ ၀န်ခံပြောဆိုလိုက်ပါတယ်။
ဒါပေမယ့်လည်း အသစ်ခေါ်ယူထားတဲ့ မန်ဖစ် ဒီပေးက တိုက်စစ်မှူး နေရာမှာ ကစားနိုင်မယ်လို့ အရိပ်အမြွက် ပြောဆိုလိုက်ပါတယ်။
“ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ကျေနာ် စောင့်ကြည့်နေပါတယ်”လို့ ဗန်ဂါးက ပြောပါတယ်။
မန်ယူရဲ့ နွေရာသီခရီးစဉ်မှာတော့ ရွန်နီနဲ့ ဂျိမ်းစ် ၀ီလ်ဆင်တို့ ၂ ဦးပဲ တိုက်စစ်မှူး ရှိမှာ ဖြစ်ပါတယ်။ ရော်ဘင်ဗန်ပါစီရဲ့ အနာဂတ်ဟာ မသေချာသလို ဖီနာဘာချီနဲ့ စကားပြောနေပြီး ဂျေးဗီးယား ဟန်နန့်ဒက်ကလည်း ဒဏ်ရာရထားပါတယ်။
မန်ယူအသင်းဟာ တိုက်စစ်မှူး အမြောက်အမြားနဲ့ချိတ်ဆက်နေပါတယ်။ ဒီအထဲမှာ စပါးက ဟယ်ရီကိန်း၊ ပီအက်စ်ဂျီက ကာဗာနီ၊ ရီးရဲလ်က ဘန်ဇီးမားနဲ့ ဘိုင်ယန်က မူလာတို့ ပါဝင်နေပါတယ်။
လက်ရှိမှာတော့ မန်ယူအသင်းကို ပြောင်းဖို့ အတွက် အီတလီ စီးရီးအေ တော်ရီနို ခံစစ်သမား မက်တီယို ဒါမီယန်က ဆေးစစ်ခံယူနေပြီလို့ ဗန်ဂေါက အတည်ပြုပြောဆိုထားပါတယ်။