ဗီလာ အသင်းခေါင်းဆောင်ကို မန်စီးတီး ခေါ်ယူ

1.7K
အင်္ဂလန် ပရီးမီးယားလိဂ် အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဖာဘီယန် ဒဲလ်ဖ်က မန်စီးတီးအသင်းကို အပြီးသတ် ပြောင်းရွှေ့ဖို့ ဆေးစစ်ခံယူနေပါတယ်။
မန်စီးတီးအသင်းကနေ မီကာ ရစ်ချတ်ပြောင်းရွှေ့လာပြီးတဲ့နောက် သူရဲ့ အနာဂတ်ဟာ မသေချာတော့ဘူးလို့ ဒဲလ်ဖ်က ပြောဆိုခဲ့ဖူးပါတယ်။
ပေါ်တူဂီမှာ ရာသီကြိုလေ့ကျင့်ရေးလုပ်ဆောင်ဖို့ ဒဲလ်ဖ်က ဗီလာနဲ့ အတူ လိုက်ပါသွားခဲ့ခြင်း မရှိပါဘူး။
ဇန်န၀ါရီလ ဗီလာနဲ့ စာချုပ်သစ်လက်မှတ်ရေးထိုးရာမှာ အင်္ဂလန် လက်ရွှေးစင် ဒဲလ်ဖ်က ကလပ်အသင်းမှာ ကြာရှည်နေသွားချင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
၂၀၀၉ ခုနှစ် လိဒ်ယူနိုက်တက် အသင်းကနေ ဗီလာကို အလယ်တန်းကစားသမား ဒဲလ်ဖ်က ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
အရင်နှစ် ဗီလာ ပရီးမီးယားလိဂ်မှာ ကျန်နေဖို့အတွက် ဒဲလ်ဖ်က ကူညီခဲ့ပြီး ၂၈ ပွဲကစား ပေးခဲ့ပါတယ်။