A d v e r t i s e m e n t With Us

နယ်သာလန် လက်ရွေးစင်ကို နယူးကာဆယ်ခေါ်ယူ

ဓာတ်ပုံ (ရိုက်တာ)
အင်္ဂလန် ပရီးမီးယားလိဂ်က နယူးကာဆယ်ဟာ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂျော်ဂျီနို ၀ီဂျေနာဒန်ကို ခေါ်ယူ လိုက်ပါတယ်။ ဘောလုံးသမားအပြောင်းအရွှေ့ ဈေးကွက်မှာ တစုံတရာ လှုပ်ရှားခြင်းမရှိဘဲ ငြိမ်နေလို့ ပရိသတ်တွေ အားမလို အားမရဖြစ်နေတဲ့ နယူးကာဆယ်က ပေါင် ၁၃ သန်းနဲ့ နယ်သာလန်ကလပ် ဗီအက်စ်ဗွီ အိုင်ဟိုဗန် အသင်းခေါင်းဆောင် ၀ီဂျေနာဒန် ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ နယူးကာဆယ်ကစားသမားဖြစ်ရတာကို ဂုဏ်ယူသလို ဒီအချိန်ဟာ အသင်းပြောင်းဖို့ မှန်ကန်တဲ့ အချိန်လို့ ၀ီဂျေနာဒန်က ပြောပါတယ်။ ဇူလိုင် ၉ ရက် နယူးကာဆယ် မန်နေဂျာ မက်ကလာရင့်ကလည်း အသက်၂၄ နှစ်အရွယ် တိုက်စစ်မှူး ၀ီဂျောနာဒန်ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ နီးစပ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀၁၄-၁၅ ခုနှစ်မှာ ၀ီဂျေနာဒန်ဟာ ဘောလုံးပြိုင်ပွဲ ၄၄ ပွဲကစားထားပြီး ၁၈ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up