A d v e r t i s e m e n t With Us

လိပ်ကျွန်း လူသတ်မှု ဒီအန်အေ မပျောက်ဟု ထိုင်းရဲချုပ်ပြော

ဓာတ်ပုံ - အေအက်ဖ်ပီ
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး သတ်မှုနဲ့ ဖမ်းဆီး တရားရင်ဆိုင်နေရတဲ့ မြန်မာ ၂ ဦးရဲ့အမှုအတွက် အရေးပါတဲ့ ဒီအန်အေ သက်သေက ရှိနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဇူလိုင် ၉ ရက်က အရေးပါတဲ့ ဒီအန်အေ သက်သေက ပျောက်ဆုံး ပျက်စီးသွားပြီလို့ ရဲတပ်ဖွဲ့ မက်ျမြင်သက်သေကို ကိုးကားပြီး သတင်းအတော်များများက ရေးသားခဲ့တာကို ထိုင်းရဲချုပ်က ဇူလိုင် ၁၀ ရက်က တုံ့ပြန်ပြောဆိုလိုက်တာလို့ အေပီ သတင်းမှာ ရေးပါတယ်။ ဒီအန်အေကို ပြန်စစ်ဆေးဖို့ မြန်မာ ၂ ဦးရဲ့ ရှေ့နေတွေရဲ့ တောင်းဆိုချက်ကို ဒီကနေ့ တရားရုံးက ဆုံးဖြတ်ပေးဖို့လည်း ရှိနေပါတယ်။ “ဒါက မပျောက်ပါဘူး။ ထပ်ပြီးပြောပါရစေ။ တခုမှ မပျောက်ပါဘူး” လို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဆောင်ယောက် ပွန်ပန်မောင်က သတင်းထောက်တွေကို ပြောပါတယ်။ ထိုင်းဘာသာစကားကို နားမလည်တဲ့ နိုင်ငံခြား သတင်းဌာနတွေရဲ့ရေးသားမှုကြောင့် နားလည်မှု လွဲသွားတာလို့လည်း ပြောပါတယ်။ ဒေသခံ စုံစမ်းစစ်ဆေးရေးမှူး ရဲတပ်ဖွဲ့ အရာရှိ ဆွန်ဆတ် နျူရွတ်က နားလည်မှုလွဲပြီး ပြောဆိုခဲ့သလို ဒီအန်အေတွေကို ဘန်ကောက်က မှုခင်းဆေးပညာဌာနကို ပို့ပေးလိုက်ပြီး ဖြစ်တယ်လို့ ဆောင်ယောက်က ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့နေရာက ရတဲ့ စီးကရက်၊ ကွန်ဒုံးနဲ့ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်ကနေ ဒီအန်အေတွေကို ရယူထားတာ ဖြစ်ပါတယ်။ ဧပြီလကတည်းက ဒီအန်အေကို ပြန်စစ်ဆေးဖို့ မြန်မာ ၂ ဦးရဲ့ ရှေ့နေတွေက တောင်းဆိုထားပါတယ်။ ဒီအန်အေ သက်သေက တရားမျှတမှုအတွက် အရေးပါသလို ဒီအန်အေတွေ မရှိရင် မျှတတဲ့ တရားစီရင်မှုကို မြန်မာ ၂ ဦးက မရနိုင်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအမှုကို ကမ္ဘာတ၀န်းက စိတ်ဝင်စားနေပြီး စုံစမ်းစစ်ဆေးမှုက ရဲတပ်ဖွဲ့နဲ့ တရားရေးအဖွဲ့ရဲ့  ကျွမ်းကျင်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up