A d v e r t i s e m e n t With Us

အမေရိကန် အမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့အဆင့် နံပါတ် ၁

ဓာတ်ပုံ - ဖီဖာ
၂၀၁၅ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပူပူနွေးနွေး ဗိုလ်စွဲထားတဲ့ အမေရိကန် အမျိုးသမီးဘောလုံးအသင်းဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဇူလိုင် ၁၀ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အမျိုးသမီး ဘောလုံးအသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်မှာ ပြိုင်ဘက် ဂျာမနီကတော့ နံပါတ် ၂ နေရာကနေ ရပ်တည်နေသလို ပြင်သစ်က နံပါတ် ၃ နဲ့ ဂျပန်က နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ထိပ်တန်း ၁၀ သင်းထဲမှာ နော်ဝေက အဆင့် ၁ ဆင့်တက်ပြီး နံပါတ် ၁၀ နေရာကို ရောက်လာသလို ကနေဒါကတော့ အဆင့် ၃ ဆင့် လျော့ကျခဲ့ပြီး နံပါတ် ၁၁ နေရာကို ရောက်ရှိလာပါတယ်။ ကင်မရွန်းအသင်းကတော့ အဆင့် ၁၀ ဆင့်နဲ့ အဆင့်အများဆုံး ကျော်ဖြတ်ပြီး နံပါတ် ၄၃ နေရာကို တက်လာပါတယ်။ အီကွေဒေါနဲ့ ဇင်ဘာဘွေက အဆင့် ၆ ဆင့် အထိကျသွားပြီး အဆင့်အများဆုံး ကျတဲ့ အသင်းတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှား၊ ကွန်ဂို၊ မော်ဒိုဗာ၊ ကာဂျစ်စတန်၊ ဂါဘွန်၊ ကင်ညာတွေကလည်း အဆင့်သတ်မှတ်ချက်မှာ ပါဝင်လာပါတယ်။ မြန်မာအမျိုးသမီး အသင်းကတော့ အတက်အကျ မရှိဘဲ နိုင်ငံပေါင်း ၁၄၂ နိုင်ငံအနက်  အဆင့် ၄၃ နေရာမှာ ကင်မရွန်းအသင်းနဲ့ အတူ ပူးတွဲ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up