A d v e r t i s e m e n t With Us

အီရတ် ရှေးဟောင်းပစ္စည်းများ လွှဲပြောင်းရယူ

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကမ္ဘာ့နိုင်ငံ အသီးသီးကို ရောက်နေတဲ့ အီရတ် ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေကို ပြန်လည်လွှဲပြောင်းရယူပွဲ အခမ်းအနားကို ဇူလိုင် ၈ ရက်နေ့က ဘဂ္ဂဒက် အမျိုးသားပြတိုက်မှာ ကျင်းပခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၇၀၀ အဆီရီယမ်ခေတ်နဲ့ ဂရိ-ရောမခေတ် ရှေးဟောင်းပစ္စည်းအမျိုး ၈၀၀ လောက် ပါဝင်ပြီး အမေရိကန်၊ အီတလီနဲ့ ဂျော်ဒန်နိုင်ငံတွေက ပြတိုက်တွေ၊ တက္ကသိုလ်တွေနဲ့ လေလံကုမ္ပဏီတွေကနေ ပြန်လည်ရယူခဲ့တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ လက်ရှိ အိုင်အက်စ် အကြမ်းဖက်တွေ သိမ်းပိုက်ထားတဲ့ အီရတ်နိုင်ငံမြောက်ပိုင်း ဒေသတွေမှာ အဆီရီယမ်ခေတ် မြို့ဟောင်းတွေနဲ့ ဂရိ-ရောမခေတ်က ဟထရာ (Hatra) မြို့တို့ ပါဝင်ပါတယ်။ အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ အီရတ်ကမ္ဘာလှည့်ခရီးသွားနဲ့ ရှေးဟောင်းအမွေအနှစ် ၀န်ကြီးဌာန ၀န်ကြီးတွေက အခု ပြန်လည်လက်ခံရရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို နိုင်ငံတကာကလည်း ၀ိုင်းဝန်းကာကွယ် ထိန်းသိမ်းဖို့ အကူအညီ တောင်းခံခဲ့ပြီး ခြိမ်းခြောက်မှု အန္တရာယ်ဟာ အချိန် နေရာမရွေး ရှိတယ်လို့ ပြောပါတယ်။ ဒီပစ္စည်းတချို့ဟာ လေလံကုမ္ပဏီတွေက လေလံတင်ခါနီးတော့မှ ပြန်လည် တွေ့ရှိရတဲ့ ပစ္စည်းတွေ ပါဝင်ပြီး တချို့ကလည်း နိုင်ငံခြား တက္ကသိုလ်ကြီးတွေမှာ နှစ်ရှည် အငှားပြသထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က အီရတ် အာဏာရှင် ဆက်ဒမ်ဟူစိန်ကို အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ ဖြုတ်ချခဲ့တုန်း သမ္မတနန်းတော်က ပျောက်ဆုံးသွားခဲ့တဲ့ အီရတ် အနုပညာ အဖိုးတန်ပစ္စည်း ၂၀၀ လောက်လည်း ဒီလွှဲပြောင်းပေးအပ်တဲ့ ပစ္စည်းတွေမှာ ပါဝင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up