အေစီဒီစီ တီးဝိုင်း ဒရမ်သမား နေအိမ် အကျယ်ချုပ် ၈ လကျ

ဓာတ်ပုံ - independent
3.3K
နယူးဇီလန်နိုင်ငံမှာ အေစီဒီစီ ရော့ခ်တီးဝိုင်းက ဒရမ်သမား ဖီးလ်ရုဒ်ဟာ နေအိမ်အကျယ်ချုပ် ၈ လ ချမှတ်ခံရပါတယ်။
ဝန်ထမ်းတဦးကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့မှု၊ ဆေးခြောက်နဲ့ မက်တာဖက်တမင်း ဆေးပြားတွေကို တွေ့ရှိခဲ့တာကြောင့် အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
အစောပိုင်းက စွဲချက်တွေကို သြစတြေးလျဖွား အသက် ၆၁ နှစ် ရုဒ်က ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာ လျှောက်လဲချက်တွေကို ပြောင်းလဲခဲ့ပါတယ်။
ပြစ်ဒဏ်တွေကို ကမ်းခြေက သူ့ရဲ့နေအိမ်မှာ ကျခံရမှာဖြစ်ပြီး သတ်မှတ်ချက်တွေကို ချိုးဖျက်ရင်တော့ ထောင်ဒဏ်ကျခံရမယ်လို့ တရားသူကြီး သောမတ်စ် အင်ဂရမ်က ပြောပါတယ်။
ရုဒ်က လက်ရှိမှာတော့ ကမ္ဘာ့အကြီးဆုံး ရော့ခ်ဂီတ၀ိုင်းတ၀ိုင်းဖြစ်တဲ့ အေစီဒီစီရဲ့ အဖွဲ့ဝင် မဟုတ်သလို ဒီနှစ်နောက်ပိုင်း နယူးဇီလန်နဲ့ သြစတြေးလျ ခရီးစဉ်တွေမှာ ပါဝင်ဖို့ ဖိတ်ကြားထားခြင်း မခံထားရပါဘူး။