ဘိုင်ယန်မှ မူလာကို ခေါ်ရန် မန်ယူ ပစ်မှတ်ထား

ဂျာမနီ ဘွန်ဒစ်လီဂါ ဘိုင်ယန်မြူးနစ်အသင်း ရှေ့တန်းတိုက်စစ်မှူး သောမတ်စ်မူလာကို ခေါ်ယူဖို့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်အသင်း ပစ်မှတ်ထားနေပါတယ်။ ရှေ့တန်းတိုက်စစ်မှူး ဗန်ပါစီ မန်ယူကနေ ထွက်ခွာဖို့ ဖင်နာဘာချီနဲ့ ဆွေးနွေးနေသလို တခြားတိုက်စစ်မှူး ဖယ်လ်ကာအိုလည်း ချဲလ်ဆီးကို ပြောင်းရွှေ့သွားတဲ့အတွက် အခုလို ပစ်မှတ်ထားနေတာလို့ ဗြိတိန် ဒေးလီးစတား သတင်းက ရေးပါတယ်။ မူလာကလည်း မန်ယူက ချဉ်းကပ်နေတယ်ဆိုတာကို ၀န်ခံထားပြီး တောင်းဆိုတဲ့ လစာပေးရင်တော့ ပြောင်းမယ်လို့ အရင်တပတ်က ပြောထားပါတယ်။ ဘိုင်ယန်က မူလာကို မရောင်းချင်ပေမယ့်လည်း မန်ယူက ပေါင် သန်း ၆၀ နဲ့ ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သတင်းမှာ ရေးပါတယ်။ မန်ယူအသင်းအတွက် လက်ရှိ ရွန်နီနဲ့ ၀ီလ်ဆင် ၂ ဦးပဲ ရွေးချယ်စရာ ရှိနေတဲ့အတွက် နည်းပြက ရှေ့တန်းတိုက်စစ်မှူးတဦး လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန်ယူဟာ စပါးက ဟယ်ရီကိန်းနဲ့ ပြင်သစ် ပဲရစ်စိန့်ဂျာမိန်းအသင်းက အက်ဒီဆန် ကာဗာနီကိုလည်း ပစ်မှတ်ထားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up