အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

ဓာတ်ပုံ - ASEANBiodiversity
1.1K
အာဆီယံ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာဌာန (အေစီဘီ) က ကြီးမှူးကျင်းပမယ့် တတိယအကြိမ် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲအတွက် လျှောက်လွှာစတင်ခေါ်ယူနေတယ်လို့ သတင်းထုတ် ပြန်ထားပါတယ်။
ကမ္ဘာကြီးရဲ့ မတူကွဲပြားတဲ့ ဂေဟဗေဒစနစ်အောက်မှာ သက်ရှိတွေရဲ့ ကျင်လည်ကျက်စား နေထိုင်မှု အလှအပ၊
[caption id="attachment_102024" align="alignright" width="212"]
ဓာတ်ပုံ - ASEANBiodiversity[/caption]
တန်ဖိုးနဲ့ ကြွယ်ဝတဲ့ ရင်းမြစ်တွေကို ပုံဖော်ရိုက်ကူးရမယ့် ဒီပြိုင်ပွဲကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
ဆုတွေအနေနဲ့ ပထမဆု အမေရိကန်ဒေါ်လာ ၁၅၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၀၀၀ နဲ့ တတိယဆု အမေရိကန်ဒေါ်လာ ၅၀၀ ချီးမြှင့်မှာ ဖြစ်ပါတယ်။
ဆုရဓာတ်ပုံတွေကို အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဂ္ဂဇင်းနဲ့ အခြား နိုင်ငံတကာ ထုတ်ဝေမှုတွေမှာ ဖော်ပြပေးသွားမှာဖြစ်တဲ့အပြင် အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာဌာန (အေစီဘီ) ရဲ့ အင်တာနက်စာမျက်နှာမှာလည်း ဖော်ပြသွားမှာပါ။
ပြိုင်ပွဲမှတ်ပုံတင်ကြေး အခမဲ့ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ လာမယ့် သြဂုတ် ၃၁ ရက် နောက်ဆုံးထားပြီး လျှောက်လွှာတင်ရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲစည်းကမ်းတွေနဲ့ လျှောက်လွှာပုံစံတွေကို www.aseanbiodiversity.org/zoomin gin2015 မှာ အသေးစိတ် ကြည့်ရှုနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။