တူရကီကလပ်နှင့် ဆွေးနွေးနေသည့် ဗန်ပါစီ

1.4K
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းက ရော်ဘင် ဗန်ပါစီကို တူရကီကလပ် ဖင်နာဘာချီက ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
ဗန်ပါစီသာ ထွက်ခွာသွားရင် နည်းပြဗန်ဂါးအတွက် ကြံ့ခိုင်တဲ့ တိုက်စစ်မှူး ရွန်နီနဲ့ ၀ီလ်ဆင် ၂ ဦးသာ ရွေးချယ်ခွင့်ရှိတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ခေါ်ယူထားတဲ့ ဒီပေးကတော့ ဗဟိုတိုက်စစ်အတွက် ကစားနိုင်တဲ့သူတဦးလည်း ဖြစ်ပါတယ်။
ဗန်ပါစီဟာ ၂၀၁၂ မှာ မန်ယူကို အာဆင်နယ်ကနေ ပေါင် ၂၄ သန်းနဲ့ ရောက်ရှိလာပြီး ၂၀၁၂-၁၃ ဘောလုံးရာသီမှာ ၂၆ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့ပါတယ်။
အရင်ဘောလုံးရာသီက ဗန်ပါစီဟာ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရသလို ၁၀ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။
နယ်သာလန်အသင်းအတွက် ၉၈ ပွဲမှာ ၄၉ ဂိုးသွင်းယူပေးထားတဲ့ ဗန်ပါစီဟာ ၂၀၀၄ ခုနှစ်မှာ ဖီယင်နုကနေ အာဆင်နယ်ကို ပေါင် ၂ ဒသမ ၇၅ သန်းနဲ့ ရောက်လာပြီး အာဆင်နယ်အတွက် ၂၇၈ ပွဲမှာ ၁၃၂ ဂိုး သွင်းယူပေးထားပါတယ်။
ဗန်ပါစီရဲ့ အသင်းဖော်ဟောင်း နာနီလည်း ပေါင် ၄ ဒသမ ၁၅ သန်းနဲ့ ဖင်နာဘာချီကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။