ဖီဖာ အမှုဆောင်ဟောင်းတဦးကို ဘောလုံးလောကမှ ရာသက်ပန် ပိတ်ပင်

ချပ်ဘလေဇာ။ (ဓာတ်ပုံ - ရိုက်တာ)
2.3K
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အမှုဆောင် ကော်မတီ အဖွဲ့ဝင်ဟောင်းနဲ့ သမုဒ္ဒရာပိုင်းဇုန် အတွင်းရေးမှူးဟောင်း ချပ်ဘလေဇာကို ဘောလုံးနဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေကို ရာသက်ပန် မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ငွေကြေးခ၀ါချမှု၊ လာဘ်စားမှု၊ အခွန်ရှောင်မှုနဲ့ စွဲဆိုခံထားရတဲ့ အသက် ၇၀ ရှိ ဘလေဇာက အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။
ဒီအတွက် ဘောလုံးနဲ့ဆက်နွှယ်တဲ့ ကိစ္စတွေကို ရာသက်ပန် မလုပ်ဖို့ တားမြစ်လိုက်တာ ဖြစ်ပါတယ်။
၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို တောင်အာဖရိကမှာ ကျင်းပခွင့်ရဖို့အတွက် ဖီဖာက တခြားအမှုဆောင် အရာရှိတွေနဲ့အတူ လာဘ်ပေးတာကို ယူဖို့ သဘောတူခဲ့တယ်လို့ ဘလေဇာက ၀န်ခံပါတယ်။
ဒါ့အပြင် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားမှာလည်း လာဘ်ပေးလာဘ်ယူ လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဘလေဇာရဲ့ ကျန်းမာရေးကြောင့် စုံစမ်းစစ်ဆေးမှုတွေကို ဖီဖာက ရပ်ဆိုင်းခဲ့ပေမယ့် ၂၀၁၄ ဒီဇင်ဘာမှာ စုံစမ်းမှုတွေ ပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၀ ကနေ ၂၀၁၁ ခုနှစ်အထိ ဖီဖာရဲ့ မြောက်နဲ့ ဗဟိုအမေရိက၊ ကာရေဗီယံ ဒေသတွေမှာ ဂလေဇာဟာ ဒုတိယ အကြီးဆုံး အရာရှိ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၇ ကနေ ၂၀၁၃ အထိ ဖီဇာ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အကြီးအကဲလည်း ဖြစ်ခဲ့ပါတယ်။
မေလက ဖီဖာအရာရှိတွေကို ငွေကြေးခ၀ါချမှု၊ လိမ်လည်မှု၊ အကျင့်ပျက် ခြစားမှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဒီအထဲက ၁၄ ဦးကို ၂၄ နှစ်ကာလအတွင်း ဒေါ်လာ သန်း ၁၅၀ ကျော် လာဘ်စားမှုနဲ့ အမေရိကန် တရားရေးဌာနက တရားစွဲဆိုထားပါတယ်။