A d v e r t i s e m e n t With Us

ပါကစ္စတန် တိုက်လေယာဉ်များ မြန်မာဝယ်ယူမည်

ဓာတ်ပုံ - iamkarachiapp
မြန်မာနိုင်ငံဟာ ပါကစ္စတန်နိုင်ငံက ဂျေအက်ဖ်-၁၇ တိုက်လေယာဉ် ၁၆ စီး ၀ယ်ယူမယ်လို့ ပါကစ္စတန်နိုင်ငံ အခြေစိုက် ဒန်ညာရုပ်သံ သတင်းမှာ ဖော်ပြပါတယ်။ ပါကစ္စတန်နိုင်ငံက တိုက်လေယာဉ်စီးရေ ၂ ဒါဇင်ကျော်လောက် ရောင်းချဖို့ စိတ်ဝင်စားတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ ပထမအဆင့်အနေနဲ့ ၁၆ စီး ၀ယ်ယူမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ တိုက်လေယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ တာဝန်ရှိသူတွေဟာ လာမယ့် ၂၀၁၆ ခုနှစ်၊ မတ်လမှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး အဲဒီတွေ့ဆုံညှိနှိုင်းမှုတွေမှာ တခြားနိုင်ငံတွေနဲ့ပါ ဂျေအက်ဖ်-၁၇ တိုက်လေယာဉ် ရောင်းချနိုင်ရေး ကိစ္စတွေကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သဘောတူညီမှု လက်မှတ်ရေးထိုးပြီးရင်တော့ မြန်မာနိုင်ငံဟာ ပါကစ္စတန်နိုင်ငံကနေ တိုက်လေယာဉ်ဝယ်ယူတဲ့ ပထမဆုံးသောနိုင်ငံ ဖြစ်လာတော့မှာပါ။ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာ့တပ်မတော် အကြီးအကဲတဦး အနေနဲ့ ပါကစ္စတန်နိုင်ငံကို ပြီးခဲ့တဲ့ မေလက ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ပြီး နှစ်နိုင်ငံတပ်မတော် အဆင့်မြင့်အရာရှိကြီးတွေနဲ့ သင်တန်းသားတွေ အပြန်အလှန်စေလွှတ်ရေး အပါအ၀င် စစ်တပ်အချင်းချင်း ချစ်ကြည်မှု မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ဖို့  ဆွေးနွေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up