A d v e r t i s e m e n t With Us

ဆပ်ကပ်ရုံများတွင် တောရိုင်းတိရစ္ဆာန် အသုံးချခွင့် မက္ကဆီကို ပိတ်ပင်

ဓာတ်ပုံ - အေအက်ဖ်ပီ
မက္ကဆီကို ဆပ်ကပ်ရုံတွေထဲမှာ ခက်ခဲဆန်းပြားတဲ့ ကကွက်တွေ ကပြနေရတဲ့ ဆင်ကြီးတွေ၊ ကြာပွတ်သံတွေကြားမှာ မာန်ဖီပြနေရတဲ့ ခြင်္သေ့ကြီးတွေနဲ့ မီးကွင်းတွေထဲ ၀င်ခုန်ကပြ အသုံးတော်ခံနေရတဲ့ ကျားကြီးတွေ စတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ ပြသခွင့်တွေကို အစိုးရက တားမြစ်လိုက်တယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မက္ကဆီကိုနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ရှေ့နေချုပ် ဂွယ်လီရယ်မိုဟာရိုဘဲလ်ချက်ဇ်က “ဒီလိုတားမြစ်လိုက်တာဟာ ဆပ်ကပ်ရုံတွေထဲမှာ အဲဒီတိရစ္ဆာန်တွေကို ထိန်းသိမ်းထားရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။” လို့ ပြောပါတယ်။ ဒါဟာ ဥပဒေအရ တောရိုင်းတိရစ္ဆာန်တွေကို ခိုင်းစေအသုံးချမှုတွေကို ကာကွယ်တာပဲဖြစ်တယ်လို့ သူက ပြောလိုက်တာပါ။ မက္ကဆီကိုမြို့တော်နဲ့ ပြည်နယ် ၁၆ ခုမှာ ခုလို တားဆီးလိုက်တာဖြစ်ပြီး ဇန်န၀ါရီလက ထုတ်ပြန်ခဲ့တဲ့ ဥပဒေသစ်အရ တနိုင်ငံလုံးကို ဖြန့်ကြက်လုပ်ဆောင်သွားမယ်လို့ သတင်းက ဆိုပါတယ်။ မက္ကဆီကိုနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ဆပ်ကပ်ရုံ ၁၉၉ ခုထဲက ၇၅ ရုံကို အစိုးရက စစ်ဆေးခဲ့ရာ တောရိုင်းတိရစ္ဆာန် ၁၀၄၆ ကောင် တွေ့ရှိခဲ့တာပါ။ ဥပဒေအရ ဆပ်ကပ်ရုံ ၅၅ ရုံကသာ သူတို့ဆီက တိရစ္ဆာန်စာရင်းကို တင်ပြခဲ့တာဖြစ်ပြီး နိုင်ငံတွင်း ဆပ်ကပ်ရုံတွေမှာ တောရိုင်းတိရစ္ဆာန် အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကို တိတိကျကျသိနိုင်ဖို့ ခက်တယ်လို့ ဆိုပါတယ်။ မက္ကဆီကို ဆပ်ကပ်ရုံ လုပ်ငန်းပိုင်ရှင်များအသင်း ဥက္ကဋ္ဌက ဆပ်ကပ်ရုံတွေထဲက ခုလို ဥပဒေထုတ်ပြန်လိုက်တာကြောင့် တောရိုင်းတိရစ္ဆာန်တွေဟာ သေရင်သေ၊ ဒါမှမဟုတ်ရင်တော့ လျစ်လျူရှုခံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဆပ်ကပ်ရုံပိုင်ရှင်တွေကတော့ အဲဒီ တောရိုင်းတိရစ္ဆာန်တွေကို အသုံးချခွင့် မရဘူးဆိုရင် သူတို့ကို ထိန်းသိမ်းစောင့်ရှောက် မထားနိုင်ဘူးလို့ ငြင်းဆိုခဲ့ကြတာပါ။ ပြီးခဲ့တဲ့လက သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ ယူကတန်ပြည်နယ်မှာ ကျား ၅ ကောင်၊ ဘာဘွန်းမျောက် ၇ ကောင်နဲ့ ဘို့တလုံး ကုလားအုတ်ငှက် ၃ ကောင်ကို လှောင်အိမ်တွေထဲမှာ အစာရေစာမကျွေးဘဲ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့ကြပြီး မယ်ရီဒါတိရစ္ဆာန်ရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းကဆိုပါတယ်။ မက္ကဆီကိုနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ရှေ့နေချုပ် ဂွယ်လီရယ်မိုဟာရိုဘဲလ်ချက်ဇ်က “ပိုင်ရှင်တွေအနေနဲ့ သူတို့ (တောရိုင်းတိရစ္ဆာန်တွေ) ကို နိုင်ငံပြင်ပကို ရောင်းတာတွေ ရှိလာနိုင်တယ်။”လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up