A d v e r t i s e m e n t With Us

ဆေးယဉ်ပါးတီဘီ လူနာများအတွက် ကန်ဒေါ်လာ ၄ ဒသမ ၇ သန်းအထိ သုံးစွဲ

မြန်မာအစိုးရအနေနဲ့ ဆေးယဉ်ပါးတီဘီလူနာ ၁၀၀၀ ကို ကုသဖို့အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဆေးဖိုးအဖြစ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်းအထိ သုံးစွဲထားတယ်လို့ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာတော့ ဆေးယဉ်ပါးတီဘီ လူနာ ၆၀၀ ကို တာဝန်ယူ ကုသပေးခဲ့ပါတယ်။ ဆေးယဉ်ပါးတီဘီ ကုသမှုကို မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ် ဇူလိုင်လက စတင်ကုသခဲ့ပြီး အခုအခါ စုစုပေါင်းလူနာ ၃၀၀၅ ဦးကို ကုသပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ကုသခဲ့တဲ့ ဆေးယဉ်ပါးတီဘီလူနာ ၄၄၃ ယောက်မှာ ဆေးကုသ အောင်မြင်မှုနှုန်းဟာ ၇၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဆေးယဉ်ပါးတီဘီလူနာတွေကို ပြည်သူလူထု အခြေပြုစနစ်နဲ့ ကုသနေတာဖြစ်ပြီး လိုအပ်ရင်တော့ အတွင်းလူနာအဖြစ် ဆေးရုံတင် ကုသပေးနေတာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ရှာဖွေတွေ့ရှိထားတဲ့ ဆေးယဉ်ပါးတီဘီလူနာတွေကို မြို့နယ် ၁၀၈ မြို့နယ်မှာ ကုသမှုပေးနေတာ ဖြစ်ပါတယ်။ သလိပ်ပိုးတွေ့ တီဘီလူနာသစ်တွေထဲမှာ ဆေးယဉ်ပါးတီဘီလူနာ ၅ ရာခိုင်နှုန်းရှိပြီး ပြန်ဖြစ်လူနာကတော့ ၂၇ ရာခိုင်နှုန်း ရှိတာကြောင့် ၁ နှစ်ကို ဆေးယဉ်ပါးတီဘီလူနာသစ် ၆၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up