A d v e r t i s e m e n t With Us

၉၁၁ ကို အကြောင်းမဲ့ခေါ်ယူသည့် အမျိုးသမီး ဖမ်းဆီးဒဏ်ရိုက်ခံရ

ဓာတ်ပုံ - foxnews
အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်က အမျိုးသမီးတဦးဟာ အရေးပေါ်နံပါတ် ၉၁၁ ကို အကြောင်းမဲ့ ခေါ်တဲ့အတွက် သက်ဆိုင်ရာက ဖမ်းဆီးခဲ့တယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၄၄ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ဒေသတွင်း စားသောက်ဆိုင်တဆိုင်မှ တရုတ်အစားအစာ မှာယူခဲ့ပြီး အဲဒီအစားအသောက်ဟာ သူ့အကြိုက်မဟုတ်တဲ့အတွက် အရေးပေါ်နံပါတ် ၉၁၁ ကို ဇူလိုင် ၆ ရက် ညနေပိုင်းမှာ ခေါ်ယူခဲ့တာလို့ ရဲတွေကပြောပါတယ်။ သူ့ရဲ့ခေါ်ဆိုမှုဟာ အရေးပေါ်ကိစ္စအတွက် ခေါ်ယူမှုမဟုတ်မှန်း ရဲတွေက စစ်ဆေးတွေ့ရှိပြီးနောက် သူ့ကို အရေးပေါ်နံပါတ် အလွဲသုံးစားပြုမှုအတွက် ဖမ်းဆီးခဲ့ပြီး ဒီတပတ်ထဲမှာ ဒဏ်ငွေရိုက်သွားမယ်လို့ သတင်းကပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up