ကမ္ဘာ့ဖလား တတိယရ အင်္ဂလန် အမျိုးသမီးအသင်းကို ကန်စင်တန်နန်းတော် ဖိတ်

2.2K
၂၀၁၅ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တတိယရရှိတဲ့ အင်္ဂလန် အမျိုးသမီးအသင်းကို ကန်စင်တန် နန်းတော်မှာ ကြိုဆိုဧည့်ခံမှာ ဖြစ်ပါတယ်။
ဇူလိုင် ၉ ရက် နန်းတော်မှာ ကြိုဆိုဧည့်ခံဖို့ ကနေဒါကနေ ပြန်လာတဲ့ အင်္ဂလန် အသင်းကို ဗြိတိန်တော်ဝင်မင်းသား ၀ီလီယံက ဖိတ်ကြားခဲ့တာပါ။
အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားပွဲတွေကို တော်ဝင်မင်းသားက အနီးကပ် ကြည့်ရှုခဲ့ပြီး ပြည်ပမှာ အကောင်းဆုံး ရလဒ်ကို ရယူနိုင်ခဲ့တယ်လို့ ကန်စင်တန် နန်းတော်က လူမှုရေး ကွန်ရက် တွစ်တာမှာ ရေးပါတယ်။
အင်္ဂလန်အသင်းက ဆီမီးဖိုင်နယ်မှာ ဂျပန်ကို ရှုံးပြီး တတိယလုပွဲမှာ ဂျာမနီကိုနိုင်ကာ တတိယရရှိခဲ့တာ ဖြစ်ပါတယ်။