A d v e r t i s e m e n t With Us

အက်သလက်တီကို ခံစစ်မှူးကို စပါးခေါ်

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ် ဟော့စပါးအသင်းဟာ စပိန် လာလီဂါ အက်သလက်တီကို မက်ဒရစ် အသင်းက ခံစစ်မှူး တိုဘီ အယ်လ်ဒါဝိန်းရဲလ်ကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၆ နှစ်ရှိ ဘယ်လ်ဂျီယံ ခံစစ်မှူးဟာ အရင်နှစ်က ဆောက်သမ်တန်မှာ အငှားနဲ့ ပရီးမီးယားလိဂ် ၂၆ ပွဲ ပါဝင်ကစားခဲ့ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးကိုတော့ ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိပါဘူး။ တော့တင်ဟမ် ကစားသမား ဖြစ်ရတာကို ဂုဏ်ယူတယ်လို့ တိုဘီက ပြောပါတယ်။ တိုဘီက ဘယ်လ်ဂျီယံ အသင်းအတွက် ၄၇ ပွဲကစားပြီး တော့တင်ဟမ်မှာ ဘယ်လ်ဂျီယံ ကစားသမားတွေ ဖြစ်တဲ့ နာဆာ ချတ်လီ၊ မူဆာ ဒမ်ဘီလီတို့နဲ့ အတူ ကစားရမှာ ဖြစ်ပါတယ်။ တိုဘီဟာ ကစားသမားဘ၀ကို အေဂျက်အသင်းနဲ့ ဘောလုံးရာသီ ၉ ခု စတင်ကစားခဲ့ကာ ဒတ်ခ်ျ ချန်ပီယံကို ၃ ကြိမ် ရယူခဲ့ပါတယ်။ ၂၀၁၃ စက်တင်ဘာမှာ အက်သလက်တီကို မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up